(Unicode)
တော်ဝင်မိသားစုက အရမ်းချမ်းသာပြီး သာမန်လူတွေ မှန်းဆလို့မရနိုင်တဲ့ စည်းစိမ်ချမ်းသာမျိုးပ်ိုင်ဆိုင်ထားသည်။
အရင်ခေတ်က သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ အုပ်ချုပ်ကြပေမယ့် ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ ခေတ်နဲ့အညီ ဘုရင်စနစ်လည်းပြောင်းလဲလာသည်။
ပြီးတော့ ရှောင်းကျန့်ရဲ့ အဘိုးဖြစ်သူ ဘိုးတော်မင်းကြီး ထီးနန်းကို ဆက်ခံချိန်မှစပြီး နိုင်ငံက တဟုန်ထိုးတိုးတက်ကာ ကမ္ဘာထိပ်တန်းနိုင်ငံစာရင်းဝင်သွားတော့သည်။
နန်းတော်ထဲမှာ အခေါ်အဝေါ်တွေက အရင်မင်းဆက်တွေတုန်းကလို မတင်းကျပ်တော့ပဲ သာမန်လူတွေလို ပေါ့ပေါ့ပါးပါး သုံးနှုန်းနိုင်လာပြီဖြစ်သည် ။
ဘိုးတော် မင်းကြီးလက်ထက်က ယခုခေတ်နဲ့ မကိုက်ညီတော့တဲ့ စဥ်းမျဥ်းတွေကို အကုန်ပယ်ဖျက်ပစ်သည်။ ဘုရင်တစ်ပါးမှစပြီး တစ်နိုင်ငံလုံး တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးဖို့ ဥပဒေပြဌာန်းလိုက်သည်။
မောင်းမ ၊ ကိုယ်လုပ်တော် နဲ့ အဆင့်ဆင့်ရှိသော မိဖုရားများက်ိုပါ ဖြုတ်ချလိုက်ပြီး မိဖုရားခေါင်ကြီးတစ်ဦးတည်းကိုသာ ပေါင်းသင်းစေသည်။
ရှောင်းကျန့်တို့ ခေတ်လူငယ်တွေအတွက် ကြောင်တောင်တောင်နိုင်မယ့် နန်းတွင်းစည်းကမ်းနဲ့ ဥပဒေ အများစုကို ပယ်ဖျက်ပေးခဲ့လေသည်။ Omega တွေလုံခြုံမှုရစေရန်နှင့် Gender မရွေး တန်းတူညီမျှအခွင့်အရေးရစေဖို့ရာ ကြိုးပမ်းအားထုတ်ခဲ့သည်။
ဒါပေမယ့် ဖောက်ဖျက်လို့မရပဲ လိုက်ကိုလိုက်နာရမယ့် စည်းကမ်းတွေ အမြောက်အများရှိသေးသည်။
ဘိုးတော်မင်းကြီးရဲ့ တိုင်းပြည်ကို မှန်ကန်စွာ အုပ်ချုပ်မှုကြောင့် ပြည်သူတစ်ရပ်လုံးက ချစ်ခင်ကြသည်။
ဘိုးတော်မင်းကြီး နတ်ရွာစံတော့ လူအများ ဝမ်းနည်းငိုကြွေးကြပြီး ဆုတောင်းပေးကြကာ ကမ္ဘာ့အစည်ကားဆုံး စျာပနဖြစ်ခဲ့ပြီး live ကြည့်သူအများဆုံးအဖြစ် စံချိန်တင်ခဲ့ရသည်။
ဘိုးတော်မင်းကြီးပြီးနောက် မယ်တော်ကြီးက ဘုရင်မနေရာဆက်ခံလို့ရတယ်ဆိုပေမယ့်လည်း ရှောင်းကျန့်ရဲ့အဖေတစ်ဖြစ်လည်း သူမရဲ့ သားဖြစ်သူကိုသာ ထီးနန်းလွှဲအပ်ပေးခဲ့သည်။
YOU ARE READING
Making A Lover
FanfictionENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...
