"အိမ်ရှေ့စံလေး မြင်းပေါ်ကဆင်းပါတော့"
"ခဏလေးဒီတစ်ပတ်ပဲ"
အထိန်းတော်သည်ပြောလိုက်ပေမဲ့သူ့စကားအဖက်မလုပ်ခံရပေ
လက်ရှိ21ရာစုအချိန်အထိဘုရင်အုပ်ချုပ်သည့်ဂျိုဆွန်းနိုင်ငံဖြစ်နေသည့်အတွက်နန်းဆက်ခံသူသည်ဖြစ်သည့်အလျှောက်အရှိန်အဝါနဲ့မင်းသားတစ်ယောက်ရဲ့ဂုဏ်ကတော့ရှိနေပြီးလူငယ်ဖြစ်တဲ့မင်းသားဟာသူလုပ်ချင်လုပ်မယ်မလုပ်ချင်မလုပ်ဘူးဇွတ်တရွတ်သမား
တစ်ခါတစ်လေကလေးဆန်ပြီးတစ်ခါတစ်လေဘုရင်တစ်ပါးလားထင်ရအောင်ရင့်ကျတ်သွားသည်
"ဆင်းပါတော့မင်းသားရယ် မိဖုရားကြီးဆီကဖုန်းဆက်လာတယ်"
မြင်းဖြူကြီးပေါ်ကနက်ပြာရောင်long coatလည်ထောင်လေးနဲ့မင်းသားသည်အကာအကွယ်ဦးထုပ်ကိုဆောင်းထားပြီးဘွတ်ဖိနပ်အမဲလေးတရမ်းရမ်းဖြင့်ခုန်နေသောမြင်းပေါ်မှာသူကပါလိုက်ခုန်ဆွခုန်ဆွလုပ်နေသည်
"မယ်တော်ကလား"
"ဟုတ်ကဲ့ပါ"
"ရေချိုးပြီးရင်နန်းဆောင်ဆီလာခဲ့မယ်လို့ပြောလိုက်"
အထိန်းတော်ပြောနေတာကြာလှပြီအခုမှနားထဲရောက်ပုံရတဲ့အိမ်ရှေ့မင်းသားYongbokဟာ
မြင်းပေါ်ကနေဘုတ်ကနဲခုန်ဆင်း၍အထိန်းတော်လက်ထဲဦးထုတ်ကိုပေးသွားကာမြင်းစီးကွင်းအပြင်ဘက်ကိုပြေးသွားသည်..............
"ရေချိုးမယ်...ရေချိုးမယ်"
ရေချိုးမယ်ကိုသီချင်းလုပ်ဆိုပြီးသူ့နန်းဆောင်ထဲသူဝင်သွားသည် နန်းဆောင်တော့မဟုတ်အခန်းကျယ်ကြီး ဆိုဖာတွေမီးဆိုင်းတီဗွီနှစ်လုံးသုံးလုံးအပြင်လူငယ်ဖြစ်တာကြောင့်ဂိမ်းစက်တွေရော
ဒီကြားထဲကားစုရတာဝါသနာပါတဲ့မင်းသားပေါက်စဟာယာဉ်မောင်းလိုင်စင်သာမရှိသေးတာ နိုင်ငံပေါင်းစုံကကားပေါင်းစုံရဲ့သော့တွေသော့တွေကိုဧည့်ခန်းမှာမှန်တံခါးနဲ့ပိတ်ထားထားသည်
ဒူဘိုင်းမင်းသားလက်ဆောင်ပေးတဲ့ပြိုင်ကားသည်အိမ်ရှေ့စံအကြိုက်ဆုံး
ဒါပေမဲ့သွားစရာမရှိတာမို့ကားကိုပါမြင်းစီးကွင်းထဲပတ်မောင်းရုံတတ်နိုင်သည်