"အဲ့ဒီ့ပန်းကန်တိုးပေး..အင်းပုစွန်"
Hyunjin သည်ပလတ်စတစ်လက်အိတ်ကြီးစွတ်ကာစိတ်ရှည်လက်ရှည်ပုစွန်အခွံတွေထိုင်ခွာပေးနေသည်
Yongbok သည်လဲရှေ့ကထိုင်ပြိး အခွံကျွတ်သွားတဲ့ပုစွန်ကင်လိမ္မော်ရောင်တွေအားအားရပါးရဆော့စ်နဲ့တို့ကာကြိတ်သည်
လူတွေမှတ်မိမှာဆိုးလို့သိုးမွှေးဦးထုပ်ကိုရှောပင်းမောကဝယ်ပေးလာတာဖြစ်သည် လေအေးကတိုက်နေတော့သူနဲ့ကကွတ်တိ ဒါပေမဲ့မမှတ်မိအောင်လုပ်လာကာမှအနွေးထည်အဖြူပွပွနဲ့ ဦးထုပ်အောက်ကမျက်နှာဖြူဖြူလေးကြောင့်သူတို့သည်သေချာပေါက်idolနဲ့မန်နေဂျာနဲ့သာတူနေမှာသာဖြစ်၏
လူတွေကလဲကွက်ကြည့်ကွက်ကြည့်မို့Hyunjinသည်ပလတ်စတစ်လက်အိတ်ကိုချွတ်ကာYongbokနဖူးအပေါ်ကဦးထုတ်ကိုမျက်လုံးလေးပေါ်ရုံသာထပြီးဆွဲချပေးလိုက်သည်
ဘာလဲဘာလို့လာကြည့်တာလဲ
"ထထထ စားပြီးရင်သွားမယ်"
"နေပါဦးအတင်းကျွန်တော်စားလို့မပြီးသေးဘူး"
ပင်လယ်လေကတဝူးတိုက်သည်ဝရန်တာလိုမျိုးလသာဆောင်နေရာမှာအထူးဧည့်သည်တွေအတွက်ပြင်ဆင်ပေးထားမို့ငွေများများသုံးထားတဲ့သူတို့နှစ်ယောက်အတွက်ကတော့အေးဆေး
ဖြစ်၏ ဒါပေမဲ့မအေးတာHyunjinရဲ့စိတ်ဖြစ်နေသည်ဒီဘုရင်ပေါက်စကိုသူဘယ်နားသွားထားရမည်နည်း မိခင်တစ်ယောက်သူ့သားသမီးကိုစိတ်မချသလိုမျိုး
မဟုတ်တာတွေနှိုင်းမိပြန်လေပြီ
မဟုတ်သေးဘူးခဏနေရင်မီးပန်းဖောက်ဝောာ့မယ်ဒီနစ်ယောက်သားတော့လဲမပြီးနိုင်
"ထတော့ သွားစရာရှိသေးတယ်"
"နန်းတော်ပြန်တော့မှာ အစီရင်ခံသာဖတ်.."
"ဟာကွာ ထတော့လို့!!"
သတိမထားမိပဲအော်မိသွားတာဖြစ်သည် သူကတော့စိတ်ပျော်အောင်တစ်ခုပြီးတစ်ခုစီစဥ်၍ထားရသလောက်ထိုကလေးကအလုပ်အကြောင်းပဲတွေးနေ၏
"အခု ကျွန်တော့်ကိုအော်လိုက်တာလား"
စိတ်ပျက်လက်ပျက်ထိုင်ခုံေကျာမှီမှာထိုင်ချပြီးပြောလာသူသည်သူအော်လိုက်လို့တုန်လှုပ်သွားသည်မဟုတ်
လူတွေရှိလို့ရှက်ရွံ့သွားတာလဲမဟုတ်ပဲနှင့်ယုံကြည်မှုဆုံးရှုံးခံလိုက်ရသလိုမျိုး အားလုံးကိုပစ်ချနေသည်
![](https://img.wattpad.com/cover/323194604-288-k609880.jpg)