"ကျွန်တော်တို့ကပတ်ပျံနေရမှာလားဆီမကုန်မချင်း"
Hyunjin တကယ်စိတ်တိုသွားပြီဖြစ်သည်ခရီးသည်တွေကိုဆင်းခွင့်မပေးသည့်အပြင် အောက်မှာလဲဆန္ဒပြနေတဲ့လူအစုလိုက်ဘာလို့လိုက်လာကျသနည်းကူးစက်တတ်တဲ့ရောဂါပါဆိုနေမှာ စောက်ရူးတွေကနေရာတကာပါသည်
"ကာကွယ်ဆေးစမ်းသပ်နေတဲ့ကာလမို့လို့"
"Yongbok ကိုပဲဖုန်းလွှဲပေး ရိုင်းရင်လဲမတတ်နိုင်လို့ကျွန်တော် မင်းကြီးနဲ့စကားပြောရတာအဆင်မပြေဘူး"
လေလှိုင်းထဲမှအသံသည်မာထန်လွန်းသည် တကာ်တော့Hyunjinစိတ်တိုနေတာသည်Yongbokကသူ့ဆက်သွယ်တာကိုမဖြေကြားတာပဲဖြစ်သည်
"ဖုန်းလွှဲပေးပါ"
"သူက.."
"ပြောလေဗျာ"
တုန့်နှေးနေပုံရတဲ့ဖြေကြားသံကြောင့်Hyunjinသာ်တစ်ဖက်သူဘယ်သူလဲဆိုတာတောင်ဂရုမစိုက်နိုင်တော့အော်ဟစ်ပစ်လိုက်သည် အသက်ရှူမဝတာလဲပါမည်Yongbokကလွဲရင်ဘယ်သူဖြစ်ဖြစ်စိတ်မရှည်နိုင်
"ဗိုင်းရပ်စ်တွေသူ့ကိုယ်ထဲထိုးသွင်းလိုက်ပြီးကာကွယ်ဆေးအစမ်းသပ်ခံနေတယ်"
မယုံနိုင်Hyunjinသည်နားကြပ်ကိုဆွဲဖြုတ်၍အဝေးကိုပစ်ထုတ်ပစ်လိုက်သည် ခေါင်းခန်းကိုထိန်းချုပ်နေတဲ့လက်တွေဟာပူလောင်နေပေမဲ့လုံးဝရေခဲရိုက်သလိုအေးစက်သွားကြောင်းကိုခံစားလိုက်ရ၏
အဲ့ဒီ့ကောင်လေးကလေ ဗားရပ်စ်ကိုသူ့ကိုယ်ထဲထိုးသွင်းတယ်
အဲ့ဒီ့ အဲ့ဒီ့ကောင်လေးက"ငါ ဆက်ထိန်းချုပ်လို့မရတော့ဘူးမင်းခဏ ကြည့်ထားပေး"
ဘေးကလေယာဉ်မှူးလေးကိုအကူအညီတောင်းကာနောက်ခန်းထဲကိုထွက်ခဲ့သည်
စုတ်ပြတ်သတ်နေတဲ့အခြေအနေမှာကြမ်းပြင်ပေါ်မှာလူးလှိမ့်နေတဲ့သူတွေHyunjinကိုယ်တိုင်လဲသူ့လက်သူငုံ့ကြည့်မိသည် လောင်နေတဲ့အရေပြားတွေသည် အသားစတွေကိုပါမြင်ရ၏Yongbok ရော သူ့ကလေးလေးရော
ပထမဆုံးစောင့်ရှောက်ပေးချင်သူသည်မိမိကိုကာကွယ်ဖို့သူ့အသက်ကိုသေမင်းဆီမှာလောင်းကြေးထပ်ထားသည်