ဒုန်းကနဲအသံတစ်ခုလိုက်ကာအနီကြီးအနောက်မှကြားလိုက်ရသည်
နှစ်ယောက်လုံးလှေျာက်လမ်းတစ်လျှောက်ဝင်သွားပြီးပျောက်သွားတာကြောင့်အနောက်ကလိုက်ရှာခြင်း
သူ့ကလေးလေးဘယ်နားရောက်သွားပြန်ပြီတုန်းနောက်တစ်ချက်
ပစ္စည်းတွေအများကြီးပြုတ်ကျတဲ့အသံလိုဖြစ်သည် အသံတော်တော်လုံတဲ့အခန်းတွေဖြစ်ပေမဲ့စာအုပ်စင်ကစာအုပ်တွေပြုတ်ကျသလိုမျိုးဒါကလဲအများကြီး နဂိုထဲကတပ်ထဲမှာတာဝန်ထမ်းဆောင်ဖူးသူမို့အဲ့လောက်နားပါးတာဖြစ်မည်
အခြေအနေမဟန်တော့ ဘူခြောက်ရပ်လောက်ရှိမဲ့လိုက်ကာအနီစကြီးကိုအားနဲ့ဆွဲဖြုတ်သည် မကျလာ နောက်တစ်ခါ မရသေး
မရတဲ့အဆုံးတွင်လက်ထဲလုံးကာလှန်ပြီးအနောက်ထဲကိုဝင်သွားမိသည် လျို့ဝှက်တံခါးပုံစံနံရံနဲ့တစ်ထပ်ထဲတွင်တံခါးပေါက်ဆိုတဲ့နံရံနဲ့တံခါးနားဟာကွက်လေးသေးသေးလေးသာရှိ၏တံခါးကိုကိုယ်နဲ့ဆောင့်တွန်းဖွင့်သည် မရွေ့
လက်ကိုင်မပါလျို့ဝှက်နံပါတ်လဲရိုက်စရာနေရာမရှိ ကြံရာမရတဲ့အဆုံးတွင်တံခါးအားမ ကြည့်ဖို့ကြံသည်ချော်နေတာကြောင့်မရ
Hyunjin သည် သူ့အိတ်ထဲအမြဲဆောင်ထားတဲ့ဓားမြှောင်အသေးလေးကိုထုတ်လိုက်သည်ေအာက်ဘက်မှာဖိနပ်ခံလို့တံခါးအောက်ခြေထဲကိုအသာထိုးထည့်ပြီးအနည်းငယ်မြှောက်လာသောအခါ ဆွဲမလိုက်သည် ပွင့်သွားသောတံခါးသည်အောက်ကတစ်ခုခုမခံထားလျှင်လုံးဝကိုပြုတ်ကျပြီ
"မင်းဒီမှာ...ဘာဝင်လုပ်.."
မောမောပန်းပန်းမေးယူရသံသည်တသ်ဝက်တစ်ပြတ်မှာပြတ်တောက်သွားရသည်
ခက်ခက်ခဲခဲဝင်လိုက်ရပြီးတွေ့ရတဲ့မြင်ကွင်းကြောင့်Hyunjinသည်အမြန်ပြေးသွားရတော့သည်လူခြောက်ရပ်စာမျက်နှာကျတ်နဲ့အညီစီထားသောစာအုပ်စင်မှစာအုပ်တွေသည်မြေကြီးပေါ်ပုံကျနေလို့အဲ့ဒီ့ပေါ်တွင်လူနှစ်ယောက်သတ်ပုတ်နေကျသည်
Yongbok သည် အောက်ဘက်မှာဖြစ်ပြီးအဘိုးအရွယ်ဖြစ်နေတဲ့အထိန်းတော်သည် Yongbok လည်ပင်းကိုခပ်တင်းတင်းဆွဲညှစ်ထားလျက်