အမိန့်စာအမှတ် _
နိုင်ငံရှိအထပ်မြင့်အဆောက်အဦးတိုင်းကကြေညာတွေတောက်လျှောက်လွှင့်နေတဲ့နေရာတွေသည်ချက်ချင်းဆိုသလို သတင်းကြေညာသူအမျိုးသားဆီရောက်သွားသည်
တစ်ခုတည်းမဟုတ် အိမ်တိုင်းအိမ်တိုင်းဆီကရုပ်မြင်သံကြားတိုင်း Breaking newအဖြစ်တက်လာသည်
"အရ နှစ်ဆက်ခုနှစ်ဆက်မြောက်ဂျိုဆွန်းမင်းကြီးသည်သားဖြစ်သူအိမ်ရှေ့စံ
Lee Yongbok အားယာယီအုပ်ချုပ်ခွင့်လွှဲအပ်လိုက်ကြောင်း"ဆိုဖာပေါ်မှာလက်တစ်ဖက်ခေါင်းကိုထောက်ကာဘေးတစောင်းလှဲနေသောHyunjinသည် ဒီမနက်တော့ရေမိုးချိုးပြီးသန့်သန့်ပြန့်ပြန့်ဖြစ်နေကာဟူဒီအမဲကြီးကောက်စွတ်ထားပြီးတီဗွီထိုင်ကြည့်နေသည်
K drama လေ တာဝန်ချိန်ခိုးခိုးကြည့်ရတာလေးတော်ပါသေးတယ် တစ်နေ့ကသူကြည့်ခဲ့တာအပိုင်းခုနှစ် တော်သေးလို့မနေ့ကလွတ်သွားပေမဲ့တစ်ပတ်သုံးပိုင်းလွှင့်တာကြောင့်ဒီနေ့အပိုင်းကိုးမှီသည် အံ့ဩစရာကောင်းလောက်အောင်ကိုဒီရုပ်ရှင်
ဒီရုပ်သံလိုင်းသည်လဲဒီမှာရှိနေခြင်းဆန်းတော့ဆန်းပေမဲ့ကောင်းတယ်
ဒါပေမဲ့သတင်းကြညာသူအသံကအဆက်မပြတ်
"ဝိုးး ဟေ့ကောင်လေးလာကြည့် မင်းဘုရင်ဖြစ်ပြီကွ"
"တကယ်ပဲ..ဘုရင်ဖြစ်တာဘာများကောင်းစရာရှိလို့လဲ"
ရေစက်လက်မျက်နှာနဲ့ရေချိုးခန်းထဲကထွက်လာသူက
မနေ့ကညကအားကစားဝတ်စုံနဲ့ပင်
လေကျင့်ခန်းလုပ်ပြီးရေချိုးချလိုက်ပုံရသည်"မနက်စာလာပို့ခိုင်းလိုက်"
"နန်းအပ်နှင်းပွဲအရင်တက်ရမယ်ခဏနေပြင်ဆင်ပြီးတိုက်ရိုက်ထုတ်လွှင့်မှုလာမှာ..ပြန်လာမှကျွန်တော်နဲ့တူတူစား"
အမ်
သူနဲ့တူတူစားရမယ်?
မသိရင်လက်ထပ်ကာစကြင်စဦးမောင်နှံတွင်အမျိုးသားဖြစ်သူအလုပ်ကပြန်အလာကိုညစာစားဖို့ထိုင်စောင့်နေတဲ့အမျိုးသမီးလေးလိုဘာ!!!!!
တိုက်ရိုက်ထုတ်လွှင့်မှု?
ငါ့Drama ငါ့Dramaကရော