8

393 65 4
                                    

"မြင်း..မြင်းက..!"

ဘေးနားကအသက်ငယ်ငယ်အစောင့်တစ်ယောက်ကလှမ်းအော်တာမို့လက်ပိုက်ပြီးရပ်ကြည့်နေတဲ့Hyunjinသည် ဒီကောင်လေးလက်ညိုးထိုးတဲ့နေရာကိုကြည့်လိုက်သည်

လူနှစ်ရပ်စာလောက်သန်မာထွားကြိုင်းတဲ့မြင်းဖြူကြီးသည်တစ်ခုခု‌ဖောက်ပြားနေသလိုမျိုးယိမ်းထိုးနေပါ၏

"တည့်တည့်လာနေပြီ မြင်းထိန်း မြင်းထိန်းတွေရော"

"မင်းကြီးကိုတစ်ခုခုလုပ်ပါဦး"

မြင်းပေါ်တွက်ဇက်ကြိုးကိုတင်းအောင်ကိုင်ထားသောYongbokရှိသည်
သက်တော်စောင့်တွေပြာယာခတ်ကျလေပြီ မြင်းထိန်းတွေကလဲမြင်းကိုယ်စီဖြင့်လိုက်နေကျ၏

"ကျစ် ဖယ်ကွာ"

သူ့ဘေးနားကတုန်ချိတုန်ချိလုပ်နေတဲ့ကောင်လေးကမြင်းထိန်းအသစ်ကလေး ဖြစ်လောက်သည် သူတို့ဘုရင်ပါသွားတာတောင်အကာအကွယ်ဦးထုပ်ကိုသေချာဆောင်းပြီးမှလိုက်မဲ့မြင်းထိန်းလေးသည် လုံခြုံရေးသာအဓိကလုပ်နေတာကြောင့်စိတ်မရှည်တော့ပဲ ဘေးကိုသာတွန်းပို့လို့Hyunjinသည် ခြေနင်းကို၍ခွတက်လိုက်သည် ခြေတံ‌ရှည်တွေသည်အနက်ရောင်မြင်းကြီးနဲ့လိုက်ဖက်နေ၏

"ဟ့!"

ခြေထောက်ကိုမြောက်လို့သွားရန်စေခိုင်းချိန်‌တွင်လူကအနောက်ကိုယိုင်သွားတာမို့ဇက်ကြိုးကိုတင်းအောင်ကိုင်ထားရ၏
တည်ငြိမ်သွားသောအခြေအနေတွင်အရှေ့တညါ့တည့်ကမြင်းဖြူကြီးပေါ်ကသူကိုသာအာရုံစိုက်ထားသည်

သေချာပေါက်သူ့ကိုပဲအားကိုးတဲ့သူမို့လို့ ကာကွယ်ရမှာသူ့တာဝန်

"ဒီဘက်ကိုကူး"

"ထိန်းလို့မရဘူး..မြင်းက"

လေသံတွေကြောင့်အသံတွေဟာအော်ပြောနေရတာဖြစ်သည် အရှိန်တင်လာတဲ့Hyunjinရဲ့မြင်းဟာအစောင့်တွေကိုကျော်ပြီးYongbokစီးနေတဲ့မြင်းဖြူကြီးနဲ့ဘေးချင်းယှဉ်ရက်ဖြစ်သွားခဲ့သည်

လှုပ်ရှားနေတဲ့မြင်းဖြူကြီးဟာ သူ့ကျော်ပေါ်ကသူကိုခါချနေတာဖြစ်၏‌ဒါပေမဲ့အရှိန်နဲ့ပြေးနေတာမို့Yongbokသည်မျက်လုံးကိုမှိတ်ပြီးဇက်ကြိုးကိုတင်းနေအောင်ကိုင်ထားသည်

I am so falling in love (Completed)Where stories live. Discover now