"ဒါကဘယ်နေရာလဲ""ဈေး"
"ဆိုလ်းကနေဒီအထိလေ ဈေးကဆိုလ်းမှာလဲအများကြီးရှိတာကို"
"မဟုတ်ဘူး..ဒီမှာကစားစရာပေါတယ် ပြီးတော့နယ်ဘက်ဆိုတော့မင်းကိုသိပ်သိကျမယ်မထင်ဘူး"
ဈေးသွားပြီးအစားစားဖို့အရေးဆိုလ်းကနေနယ်ဘက်အထိဆင်းချလာသည်
ဘယ်လောက်ပဲသာမန်လူငယ်ပုံဖြစ်အောင်လုပ်လာပါစေဦးLamborghiniကြီးနဲ့ကတော့နည်းနည်း
Yongbok သည်ကားထဲကမထွက်ရသေးပါ
"ကဲ...ဟောဒီ့ကHyungနဲ့လိုက်ခဲ့"
ဇွတ်Hyungချင်နေသူသည်ကားတံခါးပေါ်လက်ထောက်ထားပြီးကားသော့ကိုလက်ညိုးမှာလှည့်ကစားကာအပေါ်ကစီးကထိုင်ခုံပေါ်ကမော့်ကြည့်နေတဲ့အဖြူလုံးအားေပြာနေခြင်းဖြစ်သည်
"ဘာHyung..?"
ဘယ်နားကအစ်ကိုပုံနေလို့လဲ
Hyung..?
ဘာကြီးလဲကြက်သီးထတယ်"လာပါဟ"
တုတ်တုတ်မလှုပ်သူကိုဂျိုင်းအောက်ကသာမပြီးအပြင်ကိုထုတ်ကာတံခါးပိတ်ခဲ့သည် စိတ်ဆိုးချင်လဲဆိုးပါစေ ကလေးကကလေးလိုပဲနေ
ဈေးအဝင်ဝမှာတင်ဆိုင်းဘုတ်အကြီးကြီးချိတ်ဆွဲထားတာတွေ့ရ၍ အပြာရောင်တွေအုပ်ကာထားတဲ့ဆိုင်ခန်းတွေကိုမြင်နေရပြီဖြစ်သည် ကားကိုတော့အနီးနားကရှောပင်းမောထဲထိုးထားခဲ့တာဖြစ်၏
ရှောပင်းမောထဲကားထားပြီးဈေးထဲကအထုတ်ဆွဲမဲ့နှစ်ယောက်သည်သူများတွေမြင်ရင်မရှက်ကျဘူးလို့ပြောလိမ့်မည်
"ဈေးထဲရောက်ပြီဆိုအရင်ဆုံးတော့ပုကီစားသင့်တယ်အဲ့တာမှ"
လက်မောင်းကနေဆွဲခေါ်သွားသောဆိုင်သည်တွန်းလှည်းဆိုင်အမျိုးအစားဖြစ်သည် နီနီရဲရဲဆန်ချောင်းတွေပေါ်တွင်အနီရောင်ငရုတ်နှစ်များရှိနေပြီးအပေါ်ကနေနှမ်းနဲ့ကြက်သွန်မြိတ်ခပ်ပါးပါးဖြူးထားသည်
မြင်တာနဲ့စပ်နေပြီဖြစ်ကြောင်းသက်သေပြပေမဲ့အလိုလိုသရေကကျလာရော Yongbok သည်အစပ်တော့မစားနိုင် ဒါပေမဲ့ဒီလိုစားချင်စရာမြင်ကွင်းကြီးက