13

358 65 3
                                    


"ဟိတ်ကလေးလေး"

"ကလေးလေး!"

"ကလေးပိစိလေး"

ခေါ်လိုက်တဲ့ကလေးလေးဆိုတဲ့အခေါ်အဝေါ်သည်ပင်လယ်ဘက်သွားတဲ့ရက်မှစသည်  ကျန်တဲ့နန်းတွင်းဝန်ထမ်းတွေဟာHyunjinကိုအမြင်မကြည်တော့ မြင်းကိစ္စကြောင့်သက်တော်စောင့်ခေါင်းဆောင်နေရာကိုလဲရသွားသလိုကိုယ်ပိုင်pilotမို့သူ့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလတ်တွေမဖော်ပြနိုင်ဘူးလို့ မိန့်ထားတဲ့သူတို့မင်းကြီးကြောင့်သာကုပ်နေရသည်

ဒါပေမဲ့သူတို့အတွက်ကျရိုင်းစိုင်းလွန်းသည်လေ လက်ရှိသူတို့မင်းကြီးတွင်သူငယ်ချင်းတောင်မရှိပါ တရင်းတနှီးအခေါ်အဝေါ်တွေကဘုရင်တစ်ပါးအနေနဲ့မရင်းနှီး‌သင့်ပေမဲ့နှစ်ဆယ့်တစ်ရာစုရောက်သည့်တိုင် ဘုရင်တစ်ပါးအား ကလေးလေးလို့‌လိုက်ခေါ်နေတာတော့လွန်လွန်းသည်

အပစားပေးခံထားရသူသည် စောက်ဂရုမစိုက်ခြင်းပညာကိုနှလုံးသွင်း၍ အထိန်းတော်ကြီးမှလွဲ၍မင်းကြီးတောင်မချန်ပါပဲ မင်းဘာလဲငါဘာလဲရန်ရှာသည်

"ဟိတ် ကလေးလေးးး"

အသံကြီးကိုဆွဲပြီးခေါ်လာသူညီလာခံအပြီးပလ္လင်ပေါ်ကနေမဆင်းရသေးပါ ပုံမှန်ဆိုသာမန်အဝတ်အစားတွေပဲဝတ်တတ်ကျပေမဲ့ဒီတစ်ခါနိုင်ငံပေါင်းစုံညစာစားပွဲရှိတာမို့နိုင်ငံတကာမင်းညီမင်းသားတွေဝတ်ဆင်ကျတဲ့နက်ပြာ‌ေရာင်ကော်လံထောင်အင်္ကျီကိုမှရွှေရောင်ကြိုးတွေပခုံးမှာတွဲလောင်းအလှဆင်ထားတဲ့မင်းညီမင်းသာဝတ်စုံဖြစ်သည်အိမ်ရှင်နိုင်ငံဖြစ်တာကြောင့်လဲပခုံးမှနေ၍ကတ္တီပါသားခြုံလွှာကြီးကလွှမ်းခြုံနေ၏

ဆံပင်လေးကပုံသွင်းထားတာအကောက်ပြေပြေလေးမို့Yongbokသည်သေးသေးလေးနဲ့လုံးနေပါတော့သည် တကယ့်လူပျိုပေါက်လေး

"ကလေးလေး!"

"တော်တော့ တော်တော့လို့ညီလာခံအထိဘယ်လိုဖြစ်နေတာလဲဗျာ"

"မင်းပဲငါနဲ့ဆိုကလေးလေးဆို"

Yongbok သည်ပလ္လင်ပေါ်ကအထမတ်တပ်ရပ်တုန်းရှိသေးသည် လာလာပြီးကလေးလလုပ်နေသူအားစိတ်ပျက်မိပါ၏

I am so falling in love (Completed)Where stories live. Discover now