16

318 54 0
                                    

မြင့်မားသောသံထည်တံခါးကြီးသည်ပွင့်ဟလာခဲ့၏
မီးထွန်းထားသောလေယာဉ်ပြေးလမ်းသည်ထင်ထားတာထပ်တိုလွန်းသည်

အာရုံလွှဲထားတုန်းလေယာဉ်တစ်စီးလုံးနန်းတော်ထဲကနေပျံတက်ရမှာဖြစ်တာကြောင့်အတော်ပဲစိတ်လှုပ်ရှားနေ၏

မိနစ်သုံးဆယ်အတွင်း ကျွန်တော်အချက်ပြတာနဲ့ထွက်တော့ဆိုတဲ့စကားသံကိုကြားယောင်လာသည်

ဒီဘက်ကနဲ့ဆိုYongbokအခန်းဝရန်တာကိုမြင်ရမှာဖြစ်၏
စောစောကလျို့ဝှက်အခန်းထဲမှာဟိုအလောင်းကောင်ကိုအရင်ပစ်ထားပြီးနောက်တွင်Yongbokအင်္ကျီအရင်လဲရ၏ ကြက်သွေးအောင်အင်္ကျီနှင့်ဆံပင်ပုံကိုသပ်သပ်ရပ်ရပ်ပြန်လုပ်ကာ စိတ်တည်ငြိမ်ရန်သူ့ကိုသူကြိုးစားနေပုံသည်မမြင်ရက်ချင်စရာ

"မီးပန်းပဲ"

ဒီဘက်ကနေလှမ်းမြင်နေရသည် ခပ်ထောင်ထောင်မောင်းမောင်းအစောင့်တစ်ဦးတစ်နည်းအားဖြင့်Hyunjinအားအရင်ကလျှပ်စစ်သေနတ်နဲ့ပစ်ဖူးသူ သူနဲ့အမြဲမတည့်သူဖြစ်၏ ဒါပေမဲ့သစ္စာရှိလွန်းတဲ့ကောင်ဟာလုံယုံအဖြစ်တော့လုံးဝအသုံးဝင်သည်

လက်ထဲကထောင်ပြနေသောမီးစာသည်
ပျံလို့ရပြီဆိုတဲ့အကြောင်းကိုအကြောင်းကြားတာဖြစ်သည်

"ဒါကကိုရီးယားတော်ဝင်မိသားစုပိုင်လေယာဉ်ကပြောနေပါတယ်"

"ကိုရီးယားတော်ဝင်မိသားစုပိုင်လေယာဉ်ပျံသန်းလာတယ် လမ်းကြောင်းရှင်းထား"

ဖြတ်သန်းသွားသောလေဆိပ်တိုင်းသည်သတင်းပို့တဲ့အင်္ဂလိပ်စကားလေသံတစ်ခုကိုကြားသောအခါအကုန်လုံးအရေးတယူလမ်းကြောင်းရှင်းခိုင်းထားကျသည်

ဆယ့်နှစ်နာရီမနားပဲပျံသန်းမဲ့လေယာဉ်အကူpilotမပါ ခရီးသည်မပါ လေယာဉ်မောင်းသူတစ်ဦးတည်းသာဖြစ်သည်

........

"အဖေ အဖေကျွန်တော်ပြောတာသေချာနားထောင်နော် ဦးရီးတော်ကဇီဝတိုက်ခိုက်မှုလုပ်လိမ့်မယ်"

"ဘာ!"

လေဆိပ်အတွင်းYongbokအဖေ၏အော်သံကကျယ်လောင်သွားသည်သာမန်အဝတ်အစားနဲ့မို့နိုင်ငံတကာရောက်နေတာလုပ်မည် မည်သူမှမမှတ်မိတာကြောင့်အရေးတယူလုပ်ချင်းမခံရ

I am so falling in love (Completed)Where stories live. Discover now