"ဘာဖြစ်လို့ခိုးထွက်တာလဲ!"
"အ့..မရိုက်နဲ့လေ"
တော်ဝင်သမားတော်ကအခုမှပြန်သွားတာဖြစ်သည် ပြန်ပြန်ချင်းကိုအခန်းထဲကနန်းတွင်းသူတွေကရောအစောင့်တွေပါအပြင်ထုတ်ပြီးသူတို့ရဲ့မင်းကြီးပေါက်စသည်လူနာလှဲနေတဲ့ကုတင်ပေါ်တက်ပြီးပေါင်ကိုသွားရိုက်သည်
"ကျွန်တော်သာမလာရင်ဘယ်လိုလုပ်မလဲ"
"မင်းကဘုရင်ပဲဟာကို"
နာသွားတဲ့ပေါင်ကိုလက်နဲ့ပွတ်ကာအခုမှသတိကပ်တဲ့သူကဆူပုတ်ပုတ်ပြောသည်
"ခရုဆန်ပြုတ်ပဲသောက်ဝောာ့"
"မသောက်ဘူး လူမမာစာကြီး"
Yongbok သည်ကုတင်ပေါ်ကထလို့
နဖူးစည်းကိုဖြည်နေသည် ဝတ်ရုံကြီးမှပေါ့ပေါ့ပါးပါးအဝတ်အစားမလဲရသေးပါ
ရှာလိုက်တဲ့ပြဿနာက အစအဆုံးရှင်းရသည် လက်ရှိမှာသူ့ကိုခံပြောရဲတဲ့သူကအထိန်းတော်ကြီးပဲရှိတာမို့အဖိုးတစ်ယောက်အရွယ်သူတစ်ယောက်ကိုဖြောင်းဖြရမည်ခမည်းတော်ကတော့ပြောလိုက်ရင်သဘောပေါက်မယ်ထင်တာမို့အပြန်ခရီးမှပြောတော့မည်
အထိန်းတော်ကိုပြောထားတာသည် စိတ်ကူးထဲအရင်ပေါ်လာတဲ့ ကိုယ်ပိုင်pilotဆိုတာပဲဖြစ်ပါသည်
"ဆန်ပြုတ်ပဲယူလာခိုင်းလိုက်တော့မယ်..ကျစ် ဒီအစည်းကတော့"
နဖူးစည်းဟာပထမတော့ တပါးသူစည်းပေးတာဖြစ်ပေမဲ့အခုကိုယ့်ဘာသာကိုယ်ဖြုတ်တော့မရတော့ပေအနောက်ဖက်မှာစည်းထားတာကြောင့်ပိုကျပ်နေသည် ဆွဲချွတ်လို့လဲမရ တန်ဖိုးရှိတဲ့အရာတစ်ခုကိုလဲကပ်ကြေးနဲ့ဆွဲပြီးဖြတ်တောက်ပစ်လို့မရပါ
လူတစ်ယောက်ထဲမှန်တင်ခုန်ရှေ့နဖူးစည်းဖြေရင်းကုန်းလိုက်ကွလိုက်ဖြစ်နေရသည်
Hyunjin သည်မျက်စိရှေ့ကအိန္ဒြေပျက်နေတဲ့ဘုရင်ပေါက်စကိုကြည့်လို့မရတော့ ဖင်ကုန်းလိုက်ခေါင်းကုန်းလိုက်ဖြင့်နဖူးစည်းတစ်ခုနဲ့တိုင်ပတ်နေသူ
လက်တွေကလျှပ်စစ်သေနတ်ဒဏ်ကြောင့်ကျင်နေတာဖြစ်တာကြောင့်ကုတင်ခေါင်းရင်းကိုခါးတစ်ခြမ်းမှီပြီးခြေကိုဆင်းကာလက်ပိုက်ထားရတဲ့အခြေအနေမှာဖြစ်သည်