Yongbokတစ်ယောက်ညစာစားပွဲပြီးထဲကသူ့မှာအဝတ်အစားတောင်မလဲရသေးနန်းတော်ထဲကလုံခြုံရေးဌာနထဲမှာထိုင်နေတာမနေ့ထဲကတစ်ရေးတောင်မအိပ်ရသေးပေ
လုံခြုံရေးဝန်ထမ်းတွေသည်သူတို့မင်းကြီးဟာတစ်ညလုံးလာစောင့်နေတာမို့ဘာတွေများဖြစ်လာမလဲမျက်ခုံးလှုပ်နေကျသည်
မီးအလင်းရောင်ခပ်လင်းလင်းရှိသောအောက်တွင်screenအကြီးကြီးမှနိုင်ငံပိုင်နက်ပတ်ပတ်လည်ရှိလေေကြာင်းလမ်းများကိုပြသနေသည်
တစ်ညလုံးဒါကိုပဲထိုင်ကြည့်နေတာဖြစ်၏ဝန်ကြီးတွေကလဲဒီသတင်းကိုခပ်ပါးပါးကြားရတာမို့နန်းသိမ်းမှုဖြစ်မယ်ဆိုပြီးယူဆကျသည် သူတို့လက်ရှိဘုရင်သည်နန်းတော်ရဲ့အဓိကအသက်သွေးကြောလုံခြုံရေးဌာနကိုညထဲကဝင်စီးထားတာဖြစ်ပြီး ဝန်ထမ်းတွေလဲအပြင်ပေးမထွက်ပဲ ဝင်မဲ့သူတွေကိုလဲပေးမဝင်ပါ
စက်ပစ္စည်းကိရိယာတွေစုံနေသောလုံခြုံရေးဌာနမှာ နိုင်ငံပေါင်းစုံမှလူတစ်ယောက်တိုင်းစီ၏အချက်အလက်တွေရှိသည်
"မင်းကြီး ဂျိုဆွန်းကိုဆိုက်ရောက်မဲ့လေယာဉ်တစ်စီးကဆက်သွယ်လာပါတယ်"
စုံလှည်ထိုင်ခုံပေါ်ကနေဆက်ကနဲကုန်းထမိသည်
အရှေ့ဆုံးအနားသွား၍ အသံကိုဖွင့်ခိုင်းလိုက်ချိန်တွင် အသက်ရှူသံပြင်းပြင်းတစ်ခုကြားရသည်ဒါသည်Hyunjinရဲ့အသံဆိုတာသူသိပါ၏
"မင်းကြီးနဲ့မိဖုရားကဘေးကင်းတယ် မိသားစုလေယာဉ်နဲ့ပဲပြန်လာလိမ့်မယ်"
"ခင်ဗျားရော ခင်ဗျားရောအဆင်ပြေရဲ့လား"
မောနေပုံရသောအသက်ရှူသံပြင်းပြင်းကြောင့်Yongbokသည်စိတ်ချသွားရမှာေတာင်မချနိုင်
"ခရီးသည်အယောက်နှစ်ရာကျော်ပါတယ် နိုင်ငံခြားသားခရီးသည်တွေရော လေယာဉ်ကဇီဝအကြမ်းဖက်ခံထားရပြီ ကူးစက်ခံရတဲ့သူသုံးဆယ့်နှစ်ယောက်ကိုအထူးတန်းကအခန်းထဲမှာထားထားတယ်
ခဏ......ဟိုဆေးကျောင်းသူလေးကိုခေါ်ပေး"တစ်ခုပြီးတစ်ခုပြောပြီးနောက်တွင်ဆက်မပြောနနုင်တော့ဘူးထင်သည်ဆေးကျောင်းသူဆိုတဲ့ကောင်မလေးကိုလှမ်းခေါ်သည်