I am so falling in love

1.5K 85 4
                                    

"Samအသင့်ဖြစ်ပြီဆိုရင်ပြေးလမ်းပေါ်နေရာယူထားပါ"

ခါးကြားညှပ်ထားတဲ့ဆက်သွယ်ရေးကိရိယာဆီကအသံကြားတော့လေယာဉ်ကိုဆီဖြည့်နေရာကနေ ဘေးကကုပ်ကုပ်ကုပ်ကုပ်နဲ့ပြောက်ကြားယူနီဖောင်းဝတ်ထားသူအနောက်တိုင်းစစ်သားတစ်ယောက်ကိုလက်ထဲကပန့်ကိုထိုးပေးလိုက်ကာHyunjinသည်အကာအကွယ်ပါတဲ့ပြောက်ကျားဦးထုပ်ကိုခေါင်းမှာသေချာဆောင်းလိုက်သည်

အနောက်ဘက်ကစစ်သား‌တွေရဲ့စစ်ဖိနပ်သံတွေက စစ်သ‌င်္ဘောကြီးတစ်လျှောက်စည်ကြီးသဖွယ်မြည်ဟီးနေသည်

ပင်တဂွန်(စစ်ဌာနချုပ်)ကစေလွှတ်တဲ့လေတပ်နဲ့ရေတပ်ပူးပေါင်းပြီးလုပ်ရတဲ့မစ်ရှင် စစ်ဆင်ရေးမျိုးမဟုတ်တစ်လတစ်ခါပုံမှန်လည်ပတ်နေတဲ့ပဋိပက္ခ‌တွေကင်းရှင်းစေရန်ရေပိုင်နက်ကိုစောင့်ကြပ်ရတာမျိုး

Hyunjin သည်မျက်စိရှေ့ကဂျက်လေယာဉ်ကြီးကိုလက်ပိုက်ပြီးကြည့်လိုက်သည်
အရပ်အမောင်းသည်ပြောက်ကျားစိတ်စိတ်စစ်သားယူနီဖောင်းနဲ့ခန့်ညားနေပါ၏

အတော်ကြီးတဲ့F 17ပဉ္စမမျိုးဆက်ဂျက်လေယာဉ်
တိုက်လေယာဉ်အမျိုးအစား လက်နက်ကြီးတွေပါတပ်ဆင်လို့ရပြီးစစ်ပွဲတွေမှာသုံးတဲ့ကောင်မျိုး

အတော်ကြီးတဲ့F 17ပဉ္စမမျိုးဆက်ဂျက်လေယာဉ်တိုက်လေယာဉ်အမျိုးအစား လက်နက်ကြီးတွေပါတပ်ဆင်လို့ရပြီးစစ်ပွဲတွေမှာသုံးတဲ့ကောင်မျိုး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါပေမဲ့ဒီကောင်ကိုပထမဆုံးမောင်းဖူးတာလဲမဟုတ်ပါ

ဘာလို့ဒီနေ့မှစိတ်ထဲတစ်ခုခုထင့်နေလဲမသိ လက်ပိုက်ပြီးကြည့်နေရာမှ ဆက်သွယ်ရေးကိရိယာကပြောလာတဲ့အင်္ဂလိပ်လေသံကြီးကြောင့်လေယာဉ်လှေကားကိုချကာအပေါ်တက်ပြီးနေရာဝင်ယူရတော့သည်

"ငါ့ထပ်ရာထူးကြီးတယ်ဆိုပြီးဟောက်နေတယ် ခွေးကောင်!"

ကိုရီးယားလိုအားရပါးရဆဲပြီးတဲ့အခါ
ခါးပတ်ပတ်ကာနေရာသေချာယူပြီးအမိုးပိတ်တဲ့ခလုတ်ကိုနှိပ်လိုက်သည်

မျက်စိရှေ့ကမြင်ကွင်းကိုကြည့်‌ပြန်တော့ရာသီဥတုကတော့ပုံမှန်ပါပဲ
ဘေးကိုကြည့်သည် စောစောကကုပ်ချောင်းကုပ်ချောင်းနဲ့စစ်သားလေးကလက်တွေဝှေ့ယမ်းပြနေသည်

"ဒီကောင်ရူးသွားပြီထင်တယ်"

Hyunjin သည်မျက်မှောင်ကြုံ့၍သာကြည့်ပေးလိုက်ပါ၏
အင်ဂျင်ကိုပူအောင်စက်နှိုးပြီး
သာယာနေတဲ့ကောင်းကင်ကိုကြည့်လိုက်သည်

"ရာထူးတက်တော့မှာပဲ အဟဟားး"

ပြေးလမ်းတစ်လျှောက်ထောင်တက်သွားတဲ့F17ဂျက်ကြီးကိုမြေပြင်ကစစ်သားလေးကမျက်စိတဆုံးလိုက်ကြည့်နေ၏

သွားပြီ တကယ်သွားတာ မုန်တိုင်းရှိလို့
ရေဒီယိုသတ္ထုလှိုင်းတွေပြဿနာရှိတာမို့ဆက်သွယ်ရေးကိရိယာတွေကိုဗိုလ်ချုပ်ကအလုပ်မပေးပဲ
မိုးရွာမယ်လေယာဉ်ပျံလို့မရဘူးလို့သူ့ကိုSamအားပြောခိုင်းလိုက်ခြင်း

အခု‌ အခုတော့သွားပြီ

သူတင်မဟုတ်ဘေးကစစ်သားတွေကပါစုပြုံလာပြီးပျံတက်သွားတဲ့ဂျက်ကြီးကိုလိုက်ကြည့်နေသည် ဘေးမှာလဲမိုးခဲကြီးကအုံ့မှိုင်းနေအောင်တက်လာလျက်

အားးး

ခေါင်းကိုတစ်ဗြင်းဗြင်းကုပ်၍ဗိုလ်ချုပ်ဆီပြေးရတော့မည် တကယ်သေတော့မည်ဟုထင်ပါသည်

___________________________

Stella : I am back.
တအားဖိအားတွေများပြီးမလွတ်လပ်လို့စိတ်ပျက်ပြီးစွန့်လွှတ်လိုက်ချင်ပေမဲ့Parallel universe
တွေကကောင်လေးနှစ်ယောက်ကိုလဲရမ်းလွမ်းလို့ ပိုလေးနက်တဲ့အသစ်အသစ်တွေနဲ့လာခဲ့ပါ့မယ်

I am so falling in love (Completed)Where stories live. Discover now