4

454 73 2
                                    

"တံခါးဖွင့်"

"မဖွင့်ဘူး"

အထဲကနေHyunjinသည်ရေချိုးခန်းတံခါးကိုလော့ပါခတ်ထားတာဖြစ်၏
သူ့ကိုတကယ်ကြီးပြန်လုပ်မယ့်ပုံရသည် ရေချိုးခန်းတံခါးကိုထုတဲ့အသံတဒုန်းဒုန်းကကျယ်လောင်နေသည်

"‌ထွက်လာခဲ့"

"ထွက်စရာလားမင်းကငါ့ကိုပြန်လုပ်မှာပေါ့"

ဓားနဲ့ပဲခုတ်ခံရမှာလားမသိပေ Hyunjin ခေါင်းထဲတွင်သူသည်‌ရာဇဝင်ကားတွေထဲကလိုခေါင်းဖြတ်တဲ့စက်ကြီးကိုပဲမြက်ယောင်နေ၏

"မလုပ်ဘူး ထွက်"

"ယုံစရာလား"

"အစားထွက်စား"

အယ် Hyunjin ထင်ထားတာအဲ့လိုမဟုတ်ပေသူခွက်လာရင်သူ့ခေါင်းပြတ်မယ်ထင်တာ အခုတော့အစားလာစားလို့ပြောနေသည်

မယုံဘူး မထွက်ဘူးကွာ

"မြင်းစီးကွင်းသွားမလို့ တိတ်တိတ်လေးနေပေးမလား"

ခပ်တိုးတိုးပြောလို့ဝေးသွားတဲ့ခြေလှမ်းကိုရေချိုးခန်းထဲကအထိကြားရသည် နဂိုထဲကစစ်သားဖြစ်တာကြောင့်နားပါးတာလဲပါမည် ဝေးသွားပြီတော်တော်ကြီးဝေးသွားတာကိုကြားနေရ၏

တကယ်ထွက်သွားတာလား

တံခါးလက်ကိုင်ဘုကိုလှည့်ပြီးအပြင်ကိုချောင်းသည်တကယ်ဘယ်သူမှမရှိတော့တာပဲ
လူတစ်ကိုယ်လုံးအပြင်ထွက်ပြီးနောက်တွင်တော့စားပွဲခုံပေါ်အကြည့်ရောက်သွားသည်စောစောကအထိန်းတော်ဆိုတဲ့သူယူလာပေးတဲ့ဟင်းခွက်တွေဟာ ယခုတော့အပေါ်ကအုပ်ဆောင်းအသေးလေးနှစ်ခုနဲ့အုပ်ထားသည်

ကုတင်ပေါ်သို့အကြည့်ရောက်ပြန်သည် ဂွမ်းကပ်စောင်အဖြူကြီးကိုပြန့်နေအောင်ဖြန့်ခင်းထားသေးသည်

တော်တော်သပ်ရပ်တာပဲလို့မှတ်ချလိုက်သည်

ဒါပေမဲ့သူဘာ်လိုပြန်ရမလဲ လက်မခံချင်ပဲလက်မခံလိုက်ရတဲ့အခြေအနေတွေသည် ဘာလဲအင်္ဂါဂြိုလ်ပေါ်ပဲF14ကြီးပျံတက်သွားပြီးဂြိုလ်သားကမ္ဘာ
ရောက်သွားတာလားမသိပေမဲ့သေချာတာကတော့လေယာဉ်ရောသူပါပင်လယ်ထဲထိုးကျခဲ့တာသေချာသည်

I am so falling in love (Completed)Where stories live. Discover now