2

577 82 2
                                    

"ဒါထည့်စားသား"

စားပွဲခုံအရှည်ရဲ့အလျားကြီးကအခန်းတစ်ခန်းစာအပြည့်ရှိလောက်သည် မင်းကြီးနဲ့မိဖုရားအိမ်ရှေ့စံ ဦးရီးတော်မရီးတော် တော်ဝင်မိသားစုငါးယောက်ဟာရွှေအနားသတ်ကွတ်ထားတဲ့ထိုင်ခုံပေါ်မှာထိုင်နေသလို စားပွဲတစ်လျှောက်မှာပြင်ဆင်ထားတဲ့ဟင်းလျာတွေကအပြည့်

"ဟုတ်ကဲ့"

သားဖြစ်သူအိမ်ရှေ့စံကိုသူ့ရှေ့မှာရှိနေတဲ့အမဲသားပြားလိုထမင်းပန်ကန်လုံးထဲတူနဲ့ညှပ်ကာထည့်ပေးတဲ့မိဖုရား

Yongbok သည်ပန်းကန်ကိုပင့်မပြီးလက်ခံယူလိုက်သည် အရင်ဆုံးရေသောက်မှရမည် ဘေးကခွက်တစ်ဝက်ကျောကျောလေးဖြည့်ထားတဲ့ရေခွက်ကိုတစ်ငုံမော့သောက်လိုက်သောအခါထပ်ပြီးနန်းတွင်းသူတွေကလာဖြည့်သည်

နန်းတွင်းသူတွေရဲ့အဝတ်အစားဟာရိုးရာဆန်တဲ့ဆန်တဲ့အသွင်ဖြစ်သော်လည်းအပေါ်ဘက်တစ်ခြမ်းစောင်းကြိုးချည်အင်္ကျီအဖြူကြိမှလည်စည်းအမဲလေးစည်းထားပြီးဒူးအောက်စကပ်တိုနဲ့ဖြစ်သည် ရင်ထိုးတွေမှာတော့ရာထူးနဲ့အမည်တွေထိုးထားပါ၏

အမျိုးသားတွေ အထိန်းတော်တွေသည် အမဲရောင်ကုတ်အင်္ကျီကိုသာဝတ်ဆင်၍ ရာထူးအကြီးပိုင်းတွေသာပေါ့ပေါ့ပါးပါးအောက်ခံရှပ်နဲ့နေကျသည်

တော်ဝင်မိသားစုကတော့ခေတ်နဲ့အညီပါပဲတင့်တယ်သည် မင်းကြီးသည်လဲအရမ်းကြီးဟိတ်ဟန်များနေတာမဟုတ်ပွဲလမ်းသဘင်တွေကျမှသူ၏ဂုဏ်ရည်ကိုပေါ်လွင်စေတာဖြစ်၏

"အိမ်ရှေ့စံမင်းသားက အခုတလောမြင်းစီးရတာသဘောတွေ့နေတယ်ထင်တယ်နော်"

"အာ..ဒီအတိုင်းလေ့ကျင့်ခန်းလေးလုပ်ဖြစ်တာပေါ့မရီးတော်"

မရီးတော်သည်အရင်ကမယ်စကြာဝဠာပြိုင်ပွဲကအလှသရဖူဆောင်းနိုင်တဲ့သူမို့လို့ဆံပင်အုံထူထူကအဖြောင့် နှုတ်ခမ်းနီခရမ်းရောင်ဆိုးထားပြီးအင်္ကျီနို့နှစ်ရောင်ဂါဝန်ကိုဝတ်ထားသည်  ရေတပ်ဗိုလ်ချုပ်ကြီးရဲ့အငယ်သမီးဖြစ်တာနဲ့အညီ ဂုဏ်ရည်ရောရူပါကပါမလျော့တာမို့ ဦးရီးတော်လက်ဆတ်ယူထားတာဖြစ်၏

I am so falling in love (Completed)Where stories live. Discover now