"ဗိုက်ဆာတယ်"
"မင်းကဘယ်ကလာတာလဲ"
Yongbok အမှန်တကယ်ကိုသိချင်နေသည် ဘာသာစကားတူလူမျိုးတူဖြစ်လျက်ကိုရီးယားသမ္မတနိုင်ငံလုပ်နေသူသည်ဘယ်ကဘယ်လိုသူ့ရေချိုးကန်ထဲရောက်လာသနည်း
အမှန်တကယ်ပင်တုန်လှုပ်နေသောရေစိုနေတဲ့နှုတ်ခမ်းထူထူတွေဟာလဲလိမ်နေတာမဟုတ်ကြောင်းသက်သေ
"ပွဲတော်ပြင်ဖို့မိန့်လိုက် အစားစားပြီးမှပြောမယ်"
"အသုံးအနှုန်ကအဲ့လောက်ကြီးတော့ရှေးရိုးမဆန်ပါဘူး"
"ဗိုက်ဆာတယ်..ဗိုက်ဆာတယ်လို့"
မတတ်နိုင်
စားဖိုဆောင်ဆီဖုန်းလှမ်းဆက်ရတော့သည်
အထူးဧည့်သည်လာတာလားလို့ပြန်မေးတော့ငါမဝလို့သာပြောလိုက်ရ၏ တကယ်အနှောင့်ပဲ"ရပြီလားပြောပြီးသွားပြီ ဘယ်ကလာပြီးငါ့ရေချိုးကန်ထဲဘာလာလုပ်တာလဲမင်းက"
"စကားပြောလေးနည်းနည်းဆင်ခြင်ပေးလို့မရဘူးလားတအားရိုင်းတယ်"
"အိမ်ရှေ့စံကိုရိုင်းတယ်ပြောတာမင်းပဲရှိမယ်ထင်တယ်"
Yongbok သည်သူ့ထပ်အသက်ကြီးမှန်းလဲသမပါသည်ဒါပေမဲ့မလေးစားချင်စရာကောင်းအောင်လုပ်နေပုံတွေကတစ်ခုမှအချိုးမပြေပေ
ဒါပေမဲ့စိတ်ကိုလျော့ကာကုတင်ပေါ်ကမဆင်းသူကိုလက်ကနေဆွဲချလို့လက်ထဲကဓားကိုပြန်ပစ်ချပြီး မှန်ရှေ့ကထိုင်ခုံမှာထိုင်ခိုင်းလိုက်သည်
"ကိုရီးယားသမ္မတနိုင်ကဘာလဲ"
"ဂလူးဂလူးခေါက်"
ဟင်းး စိတ်ကိုအတတ်နိုင်ဆုံးဆွဲဆန့်ထားမှဖြစ်မည်Googleမှာပါလာရှာခိုင်းနေသည်
"Naverမှာဆိုရင်ရောရလား"
"ဝါးး မင်းတို့ဆီမှာNaverလဲရှိတာလား"
"အကြောမပြောင်နဲ့"
"လူကြီးကိုမရိုင်းနဲ့!"
ပက်ကနဲပက်ကနဲပြန်ပြန်ပြောတာလက်လန်သည် မင်းကြီးနဲ့သာဆိုခေါင်းဖြတ်ခံရလောက်၏
*ကိုရီးယားသမ္မတနိုင်ငံ*
ဖုန်းထုတ်၍Naverမှာရိုက်ရှာသည် မတွေ့