Part_2

1.8K 116 0
                                    

ထိုမတော်တဆဖြစ်ပြီး တစ်ပတ်ကြာပြီးနောက်မှာ ခွန်းမိုင် စျေးသို့ရောက်ဖြစ်သည်။ စျေးမှာလုပ်စရာရှိသည့်အလုပ်အားလုံးပြီးတဲ့နောက် ထိုလူရော ဘယ်ရောက်သွားပြီလဲ၊အဆင်ပြေနေပါ့မလားဟု သတိရသွားသည်။

အဲ့ဒီနေ့က ရဲအရာရှိများက ခွန်းမိုင်ကို အခင်းနေရာမှ တစ်ခုခုကို သတိရလို့ သတင်းပေးချင်ရင် ဖုန်းဆက်ရန် နံပါတ်ပေးခဲ့ကြသည်။ ထိုလူရဲ့အခြေအနေကိုမေးဖို့ရာ ခွန်းမိုင် ဖုန်းဆက်ကြည့်လိုက်သည်။

" ရဲအရာရှိကြီး ကျနော် မော််ခွန်းမိုင်ပါဗျ.. ဟိုလူရော အဆင်ပြေရဲ့လား..သတိရပြီတဲ့လား "

"မရသေးဘူး ကိုခွန်းမိုင်ရဲ့.. ဒီနေ့ပဲ ဆေးရုံဆင်းမှာမို့ အစ်ကိုတို့တောင် အခုသူ့ဆီကို သွားနေကြတာ "

"ဟုတ်လား..ဒါဆို.. "

ခွန်းမိုင် မေးရမလို၊ မမေးရမလိုနဲ့ တွန့်ဆုတ်နေသည့်အခါ ရဲအရာရှိဘက်ကနေ ပြောလာသည်။

"ကိုခွန်းမိုင် စိတ်မပူပါနဲ့..ကျနော်တို့ သူ့အတွက်လတ်တလောနေစရာကို ရဲတန်းလျားမှာ စီစဥ်ပေးမှာပါ "

"ဟုတ်ကဲ့ "

ရဲတန်းလျားကအဆင်ပြေပါ့မလား။ အို..အဆင်ပြေပြေမပြေပြေ ခွန်းမိုင်အလုပ်မှမဟုတ်တာ။

ခွန်းမိုင် ဖုန်းမချသေးဘဲ လက်သည်းကိုက်မိသည်။ အဲ့နေ့ညနေက အိမ်ပြန်လာတော့ အဘိုးက ခွန်းမိုင်ကို ဆူသည်။ ဒုက္ခရောက်နေတဲ့လူကို မကူညီဘဲ ပစ်စလတ်ခတ် ပစ်ထားခဲ့လို့တဲ့။ အပြစ်ရှိစိတ်ခံစားရတယ်တော့မဟုတ်ပေမယ့် အဘိုးပြောကာမှ အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိခဲ့သည်။ အဲ့ဒီစိတ်က ဒီတစ်ပတ်လုံး ခွန်းမိုင်ကို နှိပ်စက်နေတာကြောင့် ဒီနေ့ မနေနိုင်ဘဲ ဖုန်းဆက်မေးရခြင်းလည်းဖြစ်သည်။

"ကိုမော်ခွန်းမိုင်..ပြောစရာရှ်ိသေးလားဗျ "

"ရဲအရာရှိကြီး..ကျနော် ဆေးရုံကိုလာခဲ့မယ် "

ဆေးရုံကနေ ညနေခင်းမှာ ပြန်လာခဲ့သည်။ ခြံဝန်းထဲသို့ ဝင်လာသည့် သုံးဘီး စက်သံကိုကြားသည့်အခါ အဘိုးက တစ်ထပ်အိမ်ငယ်လေးထဲကနေ ထွက်လာသည်။

Beloved Mai Where stories live. Discover now