"မနက်ဖြန် နေ့လည်မှာ စင်ကာပူခရီးစဥ်ရှိပါတယ် ခွန်စိုင်း "
"ခမ်းမို "
"အမိန့်ရှိပါ ခွန်စိုင်း "
"ဒီနှစ်လအတွင်း ခွန်စိုင်းနောင်ရဲ့ လှုပ်ရှားမှု သတင်းအချက်အလက် အားလုံးလိုချင်တယ်..ဘယ်ကိုသွားတယ်? ဘယ်သူနဲ့တွေ့တယ် အားလုံး စုံစမ်းခဲ့ "
"အမိန့်အတိုင်းပါ ခွန်စိုင်း "
အလုပ်ခန်း၌ လက်ထောက်တဖြစ်လဲ လူယုံတော် ခမ်းမိုနှင့် စကားပြောနေတုန်းမှာ အပေါ်ထပ်မှ ဒုန်းခနဲအသံကြီး ထွက်ပေါ်လာသည်။
"တစ်နေ့လုံး သောင်းကြန်းနေတာလို့ပြောတယ်...အနှောင့်အယှက်ဖြစ်တယ်ဆိုရင် မော်ခွန်းမိုင်ကို မြေအောက်ခန်းထဲ ထည့်လိုက်ရမလား ခွန်စိုင်း"
မော်ခွန်းမိုင် ဒီအိမ်ကိုရောက်ကတည်းက ပိတ်ထားတဲ့အပေါ်ထပ်အခန်းထဲကနေ တဒုန်းဒုန်း ထုသံများဟာ ဆက်တိုက်ထွက်ပေါ်နေဆဲ။ ထွက်ပြေးဖို့ကြိုးစားတဲ့အချိန် ခွန်စိုင်းဒင်နဲ့ ထိပ်တိုက်တွေ့ပြီးနောက်မှာ ခွန်စိုင်းဒင်က အခန်းထဲ ပြန်ပိတ်ထားဖို့အမိန့်ပေးခဲ့သည်။
အဲ့ဒီအချိန်ကစပြီး တစ်ညလုံးဆက်တိုက် အပေါ်ထပ်ကနေ အသံတွေ ဆူညံနေခဲ့သည်။ စံအိမ်ရဲ့ မြေအောက်ထပ်မှာ အကျဥ်းသားတွေကို ပိတ်လှောင်ပြီး နှိပ်စက်စစ်ဆေးတဲ့အခန်းတွေ ရှိတာကြောင့် ထိုအခန်းဆီ ပို့လိုက်ရမလားဟု ခမ်းမိုက မေးခဲ့ပေမယ့် ခွန်စိုင်းဒင်က
"မလိုဘူး..မောရင် ရပ်သွားလိမ့်မယ်"
ခမ်းမို ခေါင်းငြိမ့်လိုက်သည်။ သတင်းပို့စရာရှိတာကုန်ပြီမို့လို့ ပြန်ထွက်ခါနီးမှာ ရုတ်တရက် သတိရသွားပြီး
"ခွန်စိုင်း..မမလေးစဝ်အိက တွေ့ခွင့်ရဖို့ အကြောင်းကြားထားပါတယ်...စင်ကာပူ မသွားခင် ဖယ်ထားတဲ့အချိန်ကို ပေးလိုက်ရမလား "
"မတွေ့သေးဘူး "
"အမိန့်အတိုင်းပါ ဒါဆို သွားခွင့်ပြု ပါဦး ခွန်စိုင်း"
နှစ်လအတွင်း လက်ထောက်ခမ်းမို စုစည်းပေးထားသော ဂိုဏ်းအတွင်းက လုပ်ငန်းဆောင်တာများကို စိုင်းဒင် စစ်ဆေးလိုက်သည်။ ယခင်ကတည်းက လက်နက်အရောင်းအဝယ်ကိစ္စကြီးများကို ခွန်စိုင်းဒင်က ဦးစီးခဲ့ပေမယ့် သူ မရှိတဲ့အတောအတွင်းမှာတော့ ထိုကိစ္စများက ခွန်စိုင်းနောင်ရဲ့လက်အောက်ကို ရောက်ရှိသွားခဲ့သည်။ အရင်ကတည်းက ဒီပင်မစီးပွားကို ခွန်စိုင်းနောင်က လိုချင်နေတာ။ မနက်က ဟော်နန်းအစည်းအဝေးမှာ ခွန်းစိုင်းဒင် ပြန်လည်ချုပ်ကိုင်မယ်လို့ပြောခဲ့တာကြောင့် စာရင်းများက ခွန်စိုင်းဒင်ရဲ့ လက်ထဲသို့ ပြန်လည်ရောက်ရှိခဲ့သည်။
YOU ARE READING
Beloved Mai