Part_18

1.2K 81 1
                                    

မနေ့ညက စောမိုးနေရဲ့စကားကြောင့် ခွန်းမိုင် တစ်ညလုံး အိပ်မပျော်ပေ။ သူတို့တွေ ဒီကနေ အသက်ရှင်လျက် လွတ်​မြောက်နိုင်ပါ့မလား။

နေရောင်ကောင်းကောင်းပင် မထွက်သေးသည့်အချိန် စကားသံများကိုကြားလိုက်ရတာကြောင့် ခွန်းမိုင် ပြတင်းပေါက်ကနေ တဆင့် အပြင်ဘက်ကိုကြည့်လိုက်သည်။

ဂတုံးပြောင် လူမိုက်နှစ်ကောင်က မြေအောက်ခန်း တံခါးပေါက်ကနေ လူတစ်​ယောက်ကို ခြံဝန်းထဲသို့ ဆွဲထုတ်လာသည်။ ချိုင်းတစ်ဖက်စီကနေ မပြီး တရွတ်တိုက်ဆွဲခံလာရသောလူမှာ ဘယ်လောက်တောင် ရိုက်နှက်နှိပ်စက်ခံထားရသည် မသိ။ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေသည်မှာ အဝေးကတောင် လှမ်းမြင်ရသည်။

လူမိုက်တွေက ထိုလူကို ကားတစ်စီးထဲသို့ ပစ်ထည့်လိုက်သည်။ ကားအမည်းတွေ တစ်စီးပြီးတစ်စီး တန်းစီထားတာကြောင့် တစ်​နေရာရာသို့ ထွက်ခွာမလို့ပြင်နေခြင်းဖြစ်လိမ့်မည်။ ခွန်းမိုင်စောင့်ကြည့်နေရင်း ခဏနေတော့ ခွန်စိုင်းဒင် ရောက်လာတာကိုပါမြင်လိုက်ရသည်။

အနီရောင်ကုတ်အင်္ကျီအရှည်ကို စတိုင်ပန်နဲ့ တွဲဝတ်ထားပြီး လက်နှစ်ဖက်လုံးမှာ လက်အိတ်အမည်းများစွပ်လို့ထားသည်။ ခွန်စိုင်းဒင်က ကားထဲသို့မဝင်ခင် ခွန်းမိုင် ချောင်းကြည့်နေသည့် ပြတင်းပေါက်ဘက်ကို ခေါင်းမော့ကြည့်လာတာကြောင့် ခွန်းမိုင် နံရံဘေးသို့ အမြန်ပုန်းကွယ်လိုက်သည်။

ကားတွေက တစ်စီးပြီးတစ်စီး ခြံဝန်းထဲကထွက်သွားပြီဖြစ်သည်။ ခွန်းမိုင်က အဆင်သင့်ပြင်လျက် စောမိုးနေနှင့် ထွက်ပြေးရမည့် အချိန်ကို စောင့်နေခဲ့သည်။

ကံတရားက ခွန်းမိုင်တို့ဘက်မှာ ရှိနေတာလားမပြောတတ်။ ခွန်စိုင်းဒင်က ညအထိ စံအိမ်ကို ပြန်ရောက်မလာသေး။ စောမိုးနေက ခွန်းမိုင်ကို လာခေါ်သည့်အချိန်မှာ စံအိမ်တစ်ခုလုံးမှာကျန်ခဲ့သည့် အစောင့်တွေအားလုံး အိပ်မောကျနေပြီဖြစ်သည်။ ဆိုဖာပေါ်တွင် ငိုက်နေသော အိမ်တော်ထိန်းကိုကြည့်ရင်း ခွန်းမိုင် စောမိုးနေကိုမေးလိုက်သည်။

Beloved Mai Where stories live. Discover now