အိမ်ထဲမှာ အထိုင်ကြိုးဖုန်းတစ်လုံးမှ မရှိပေ။ ခွန်းမိုင်မှာလည်း ဖုန်းမရှိ။ အိမ်ထဲက အစောင့်တွေဆိုရင် သူတို့အချင်းချင်း ဆက်သွယ်ဖို့ ဝေါ်ကီတော်ကီကို သုံးကြသည်။
ရွာမှာကျန်ခဲ့သည့် စောမိုးနေတို့ အဆင်ပြေမပြေကို ခွန်းမိုင်သိချင်ပေမဲ့ ဘယ်လိုဆက်သွယ်ရမလဲ မသိသေး။ မဟုတ်မှ အဘိုးကိုသတ်ပစ်သလိုမျိုး စောမိုးနေတို့မိသားစုကိုရော သတ်ပစ်ခဲ့တာလား။ ဒီလိုဆို ခွန်းမိုင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ဆုံးတော့မည်မထင်။
ခွန်းမိုင်အတွက် ဖုန်းဆက်ဖို့အခွင့်အရေးက ဒီအိမ်ကိုရောက်လာတဲ့ တတိယလူထံက ရနိုင်သည်။ စဝ်အိဖြူစင်မပြန်ခင်ရက်မှာ ဖုန်းဆက်ဖို့ကြံစည်ရမည်။ မနက်ပိုင်းမှာ ခွန်စိုင်းဒင်က ထုံးစံအတိုင်း အပြင်သို့ထွက်သွားခဲ့သည်။
ခွန်းမိုင် အရင်ဆုံး အိမ်တော်ထိန်းဆီကနေ ဘောပင်နဲ့စာရွက်များ တောင်းလိုက်သည်။ အိမ်တော်ထိန်းက ခွန်းမိုင်ကို အရမ်းမပေးရဲ။
"ဘာလုပ်မလို့လဲ အစ်ကိုလေး "
"အခန်းထဲမှာပျင်းရင် ပုံဆွဲချင်လို့ပါ "
ဒီအတောအတွင်း ခွန်းမိုင်က ကလန်ကဆန်မလုပ်ဘဲ လိမ္မာနေခဲ့တာကြောင့် နောက်ဆုံးမှာ အိမ်တော်ထိန်းက စာအုပ်နှင့်ဘောပင်တစ်ချောင်း ယူလာပေးခဲ့သည်။
"ကျေးဇူးပါပဲ "
ခွန်းမိုင် စာရွက်သေးသေးလေး ဖြဲကာ ဖုန်းငှားဖို့ အကူအညီတောင်းခံသည့် စာတစ်ကြောင်းချရေးလိုက်သည်။ ဒီစာကို စဝ်အိဖြူစင်လက်ထဲရောက်ဖို့ ထပ်ကြိုးစားရဦးမည်။ စဝ်အိဖြူစင်ရောက်လာတဲ့တစ်ရက်ကပဲ ခွန်းမိုင် အောက်ထပ်ကိုဆင်းပြီး လက်ဆုံစားခွင့်ရသည်။ ဒါကြောင့် သူမနဲ့ထပ်ပြီး စကားစမြည်ပြောဖို့ အခွင့်အရေးမရသေး။
နေ့လည်စာ စားချိန်မှာတော့ ခွန်းမိုင် အောက်ထပ်ကိုဆင်းလာခဲ့သည်။ ထမင်းစားခန်းမှာ စဝ်အိဖြူစင် တစ်ယောက်တည်းရှိနေ၏။
"ကျနော်ရော အတူထိုင်စားလို့ရမလား "
"ရတာပေါ့ ကိုခွန်းမိုင် "
YOU ARE READING
Beloved Mai