"ခွန်စိုင်း!! "
ခမ်းမို သူ့ရဲ့သခင်ကို စိုးရိမ်လို့ ရေချိုးခန်းထဲပြေးဝင်လာချိန်မှာ ခွန်စိုင်းဒင်က သွေးထွက်လွန်နေပြီဖြစ်သည်။ ဘေးဘက်မှာ သွေးတွေစိုရွှဲလျက် ထိုင်နေသည့် ခွန်းမိုင်ကလည်း သူ့ရဲ့လက်ကောက်ဝတ်ကို ဖန်ကွဲစဖြင့် ဖြတ်ဖို့ ချိန်တွယ်နေပြီ။
ခမ်းမို အစောင့်တွေကို အော်ခေါ်ပြီး သတိမရှိတော့သည့် ခွန်စိုင်းဒင်ကို ကျောပိုးလို့ ခေါ်ထုတ်စေသည်။ တဆက်တည်း ခွန်းမိုင်လက်ထဲက ဖန်ကွဲစကိုလည်း ဒေါသဖြင့် ဆွဲလုလိုက်၏။
စိတ်နဲ့လူနဲ့မကပ်သလို ခွေခေါက်နေသော ခွန်းမိုင်အား
"မင်း ဒီနေ့ ကိစ္စကို နောင်တရလိမ့်မယ် မော်ခွန်းမိုင်!!... ခွန်စိုင်းက မင်းအပေါ် ဘယ်လောက်ကောင်းတဲ့လူလဲဆိုတာ မင်း သိရင် နောင်တရလိမ့်မယ်!! "
"ဘာ..ကို...ပြော တာလဲ"
ခမ်းမို အစကတော့ သူ့သခင်ရဲ့အမိန့်မပါတာကြောင့် ဘာမှမပြောဘဲထားမလို့။ ဒါပေမဲ့ ခွန်းမိုင်ရဲ့လုပ်ရပ်ကလွန်သွားပြီ။
"မင်းရဲ့အဘိုးသေတာ ခွန်စိုင်းကြောင့်မဟုတ်ဘူး..တရားခံက သက်သက်ရှိတယ်"
"ခင်ဗျား ဘာပြောတာလဲ "
"မင်းအဘိုးကို သတ်ခိုင်းတဲ့သူနဲ့ စောမိုးနေကိုသတ်ခိုင်းတဲ့သူက တစ်ယောက်တည်းပဲ.. သေချာတာတော့ ခွန်စိုင်းဒင် လုံးဝမဟုတ်ဘူး! သူက ဒီတစ်လျှောက်လုံး မင်းကို ဒီမှာခေါ်ထားပြီး ကာကွယ်ပေးနေခဲ့တာ!"
ဝိညာဥ်လွင့်သွားသလိုမျိုး အရုပ်ကြိုးပျက် ကျန်နေခဲ့သည့် ခွန်းမိုင်ကိုကြည့်ကာ ခမ်းမိုက မသွားခင် ထပ်ပြောခဲ့သည်။
"မင်းကိုယ်မင်း သတ်သေချင်နေတယ်ဆိုရင်တောင် ခွန်စိုင်းဒင်ကို တောင်းပန်ပြီးမှသေ!"
ထို့နောက် ရေချိုးခန်းထဲမှာ အိုင်ထွန်းနေသည့် သွေးတွေနဲ့အတူ ခွန်းမိုင်တစ်ယောက်တည်း ကျန်နေခဲ့သည်။
ခွန်စိုင်းဒင် မဟုတ်ဘူးတဲ့လား။
ဒါပေမဲ့ အဲ့ဒီနေ့က အဘိုး လက်ညှိုးထိုးပြခဲ့တာ ခွန်စိုင်းဒင်ကိုပါ။ နောက်ပြီး စောမိုးနေကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့လူ...ခွန်းမိုင်မျက်လုံးနှစ်လုံးနဲ့မြင်ခဲ့တာ ခွန်းစိုင်းဒင် မဟုတ်လား။ မနက်က သူအိမ်ကနေထွက်သွားတဲ့အချိန် ဝတ်စားထားတဲ့ပုံစံနဲ့တစ်ပုံစံတည်း။
![](https://img.wattpad.com/cover/323606343-288-k25282.jpg)
YOU ARE READING
Beloved Mai