ဟော်နန်းမှာ မိသားစု ဆုံညီတွေ့ဆုံပွဲရှိသည်။ စဝ်အိဖြူစင်က အဘွားစဝ်မြ၏ ဘေးတွင် ထိုင်နေသည်။ စဝ်အိဖြူစင်က အဘွားရဲ့ မိတ်ဆွေ မိသားစုကဖြစ်ပြီး ခွန်စိုင်းညီအစ်ကိုလောက် မျိုးနွယ်မြင့်သူ မဟုတ်ပေ။ အဘွားက သူတို့လူကြီးချင်းထားရှိခဲ့တဲ့ ကတိကြောင့်သာ ငယ်ငယ်လေးကတည်းက ခွန်စိုင်းဒင်နှင့် စဝ်အိဖြူစင်တို့ကို စေ့စပ်ပေးခဲ့သည်။
"စိုင်းဒင်ပြန်ရောက်ကတည်းက ဒါပထမဆုံးတွေ့ကြတာမလား "
"ဟုတ်တယ် ဘွားဘွားစဝ်မြ "
"ရောက်လတ်စနဲ့ အိမ်မပြန်သေးဘဲ ဒီမှာကြာကြာနေသွားပေါ့..အဘွား သမီးအတွက် အခန်းပြင်ခိုင်းထားတယ် "
ခွန်စိုင်းနောင်ကဝင်ပြောသည်။
"ဘာလို့အခန်းပြင်မှာလဲ အဘွားရဲ့..မရီးက အစ်ကို့အိမ်မှာ သွားနေရမှာပေါ့ "
စိုင်းနောင်ရဲ့ စကားကြောင့် စဝ်အိက စိုင်းဒင်ကို လှမ်းကြည့်ပေမဲ့ ခွန်စိုင်းဒင်ကတော့ သူတို့စကားဝိုင်းမှာ အစကတည်းက စိတ်မဝင်စားနေပုံ။ အဘွားစဝ်မြက စဝ်အိရဲ့လက်ကလေးကိုဆုပ်ကိုင်လို့မေးသည်။
"သမီး ဘယ်အိမ်မှာ နေချင်လဲ "
"ဟို..စဝ်အိ.. "
ခွန်စိုင်းဒင်ရဲ့ မျက်နှာအခြေအနေကို အကဲခတ်ချင်ပေမဲ့ ဘာအမူအယာမှမရှိတဲ့ပုံကြောင့် စဝ်အိ မပြောဝံ့ပေ။ ခွန်စိုင်းနောင်က တွန့်ဆုတ်နေတဲ့စဝ်အိနှင့် မဖိတ်ခေါ်သော စိုင်းဒင်ကြားမှာ ထပ်ပြောလာသည်။
"သိပ်မကြာခင်ပဲ လက်ထပ်ကြတော့မယ့်သူတွေမလား? အခုကတည်းက နေသားကျအောင် အစ်ကိုစိုင်းဒင်အိမ်မှာပဲ တည်းလိုက်ပေါ့ "
နောက်ဆုံး အဘွားကပဲ ဆုံးဖြတ်လိုက်သည်။
"စိုင်းနောင်ပြောတာမှန်တယ်..မင်းတို့ချင်းပိုပြီးရင်းနှီးလာအောင် ဒီတခေါက် စိုင်းဒင်အိမ်မှာ တည်းလိုက်။ တလတ်စတည်း အိမ်ထောင်ပြုမယ့်အချိန်ကိုပါ အချင်းချင်း ညှိထားလိုက်ကြ "
ခွန်စိုင်းဒင်က အဘွားရဲ့စကားဆို အမိန့်တစ်ခုပမာ လိုက်နာသူမို့ အထွန့်တက်လာခြင်းမရှိပေ။ အဘွားနှင့် စကားစမြည်ပြောပြီးနောက် သူတို့သုံးဦး ဟော်နန်းကနေ ထွက်လာသည်။
YOU ARE READING
Beloved Mai