ခွန်စိုင်းဒင် သတိရလာပြီးနောက်မှာ ဆေးရုံက ဆင်းလို့မရသေးပေ။ သူ့ရဲ့ဒဏ်ရာ အခြေအနေတည်ငြိမ်သွားမှ ဆရာဝန်တွေက ပေးဆင်းနိုင်မည်ဆိုတာကြောင့် ဆေးရုံမှာ ဆက်နေရသည်။
မနက်ပိုင်း Round လှည့်လာသော ဆရာဝန်အုပ်စုက ခွန်စိုင်းဒင်ရဲ့ အခြေအနေကို စစ်ဆေးနေကြသည်။
"ချုပ်ရိုးပွင့်မလာအောင် လည်ပင်းကို အရမ်းလှုပ်လှုပ်ရှားရှားတော့ မနေပါနဲ့...အစာကတော့ စားနိုင်မယ်ဆိုရင် အရည် ဒါမှမဟုတ် အစာပျော့တာလေးတွေ စားပေးပါ...ခွန်စိုင်းရဲ့ ကံက တော်တော်လေးသီပေလို့ပေါ့...အသက်ပင်မသွေးကြောကြီး ပြတ်ဖို့ တဲတဲလေးလိုတော့တာဗျ"
ခွန်စိုင်းဒင် ဆရာဝန်ပြောတာကြားတော့ အခန်းထောင့်မှာ ခေါင်းလေးငုံ့ပြီးရပ်နေသည့် ခွန်းမိုင်အားလှမ်းကြည့်မိသည်။
ဒါတွေကြားရင် အဲ့ဒီကလေးက စိတ်ထိခိုက်နေတော့မှာပဲ။
"ပင်ပန်းသွားပါပြီ..ကျေးဇူးတင်ပါတယ် ဒေါက်တာ "
ဆရာဝန်တွေဘက်မှ ထပ်ပြီးမပြောလာအောင်လို့ ခွန်စိုင်းဒင်က စကားစဖြတ်လိုက်သည်။
"ဒါဆို ကျနော်တို့ကို သွားခွင့်ပြုပါဦး ခွန်စိုင်း "
ဆရာဝန်နဲ့ နာ့စ်တွေ ထွက်သွားတော့ အခန်းထဲမှာ သူတို့နှစ်ဦးပဲကျန်ခဲ့သည်။ အခန်းထောင့်မှာ တုတ်တုတ်မလှုပ်တဲ့ ခွန်းမိုင်အား
"အဲ့ဒီမှာပဲရပ်နေတော့မှာလား"
မော့ကြည့်လာတဲ့အခါ မျက်လုံးတွေမှာ အရည်ကြည်လဲ့လို့။ ထင်သားပဲ..ဒီကောင်လေး ဝမ်းနည်းနေပြီ။
"ငိုဦးမလို့လား "
"တောင်းပန်ပါတယ်..ကျနော့်ကြောင့် "
"ကိုယ့်ဆီလာ "
တွန့်ဆုတ်စွာ ဖြေးဖြေးချင်းလျှောက်လာနေသည့် ခွန်းမိုင် မိမိကုတင်နားကိုရောက်ဖို့ ခွန်စိုင်းဒင် တော်တော်စိတ်ရှည်လိုက်ရသည်။ အနားကိုရောက်တာနဲ့ လက်ကနေဆွဲချပြီး ရင်ခွင်ထဲထည့်ဖက်တော့ အသည်းအသန် ရုန်းထကာ
"ခင်ဗျား ဒဏ်ရာထိမိလိမ့်မယ်!!"
"ဘာမှမဖြစ်ဘူး..လာပါ "
YOU ARE READING
Beloved Mai