Part_6

1.3K 94 2
                                    

" ချပ်! "

ဓာတ်ပုံရိုက်လိုက်တဲ့အသံကြောင့် ကြက်ဥသေတ္တာတွေ ရေတွက်နေသည့် ရိုင်ဟန်းက ခွန်းမိုင်ကိုလှည့်ကြည့်လာသည်။

"ကိုယ့်ပုံရိုက်ပြီး ဘာလုပ်မလို့လဲ "

ခွန်းမိုင်က ပြန်မဖြေဘဲ ခေါင်းငုံ့ပြီး ဖုန်းနှိပ်နေသည့်အခါ ရိုင်ဟန်းက အလုပ်တွေကိုထားခဲ့ပြီး ခွန်းမိုင်အနားကိုလျှောက်လာသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် လူပျောက်ရှာသည့် ခေါင်းစဥ်ကို မြင်လိုက်ရတာကြောင့် ရိုင်ဟန်း ဖုန်းကိုဆွဲလုလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ "

"ဖုန်းပြန်ပေး! "

"ဘာလုပ်မလို့လဲ ကိုယ့်ကိုဖြေဦး "

ခွန်းမိုင်က မျက်နှာသေဖြင့် ဖုန်းကို ပြန်ဆွဲယူရင်း

"ဒီမှာ တင်လိုက်ရင် အနည်းဆုံးတော့ ခင်ဗျားကို သိတဲ့သူ တစ်ယောက်ယောက် မြင်သွားနိုင်တာပဲလေ.. အဲ့တာဆို ခင်ဗျားမိသားစုဆီ ဆက်သွယ်လို့ရတာပေါ့ "

"ခွန်းမိုင်.. မင်းကိုယ့်ကို တကယ်ပြန်သွားစေချင်လို့လား "

ဖုန်းပေါ်မှာ စာရိုက်နေသည့် ခွန်းမိုင်၏ လက်များ ရပ်တန့်သွားသည်။

"ခင်ဗျား ဒီမှာ တစ်သက်လုံးနေလို့မှမရတာ "

"ကိုယ်မင်းကို ခေါ်သွားမယ်ဆိုရင်ရော...မင်းလိုက်ခဲ့ချင်လား "

ဆတ်ခနဲမော့ကြည့်လာသော ခွန်းမိုင်ရဲ့ မျက်လုံးတွေမှာ မထင်မှတ်ထားသယောင်။

ထိုသူမှာ ကိုယ်ပိုင်မိသားစုရှိမရှိဆိုတာမသိသည့်အပြင် တကယ်လို့မရှိတဲ့ လူလွတ်ဆိုရင်တောင် နောက်ခံမိသားစုက လက်ခံမခံဆိုတာတွေကျန်သေးသည်။ ရိုင်ဟန်းဖြတ်ကျော်ရမှာ အဘိုးတစ်ယောက်တည်းဆိုပေမယ့်် ခွန်းမိုင် ရင်ဆိုင်ရမှာ ဘယ်လိုလူတွေဖြစ်မလဲမသိ။ ဘာမှမရေရာတဲ့အခြေအနေမှာ ခွန်းမိုင် အမှန်တကယ်ကို လမ်းပျောက်ရသည်။

ခွန်းမိုင် လူပျောက်ရှာသည့် Group မှာ ဓာတ်ပုံတင်ဖို့ကို လက်လျှော့လိုက်သည်။ အကယ်၍ သူတို့အတွက် အနာဂတ်ဆိုတာ မရေရာ မသေချာရင်တောင် အတူရှိနေတဲ့ပစ္စုပ္ပန်ကိုတော့ ကောင်းကောင်းမွန်မွန်ဖြတ်သန်းလို့ရသေးသည်မဟုတ်လား။

Beloved Mai Where stories live. Discover now