Part_8

2.1K 137 4
                                    

"မော်ခွန်းရေ..မင်းရဲ့အစ်ကိုရော အတူလိုက်မလာဘူးလား "

ကြက်ဥအဝယ်ဒိုင် အစ်မစိုင်က ဂိုဒေါင်တံခါးဝဆီ လည်မျှော်ကြည့်ရင်း မျက်လုံးများက ရိုင်ဟန်းကိုရှာနေ၏။ ခွန်းမိုင်ကလည်း ဘယ်ရမလဲ။ သူ့အကြောင်းသိလို့ ဒီနေ့ ရိုင်ဟန်းကို ဂိုဒေါင်ထိ တမင် မလိုက်ခိုင်းတာ။

" ဟုတ်တယ် အစ်မစိုင် ..သူ မလိုက်လာဘူး "

စျေးကိုရောက်ကတည်းက အဘိုးထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ ရိုင်ဟန်းကို စောင့်နေရန် ထားခဲ့ပြီး ခွန်းမိုင်တစ်ယောက်တည်းသာ အစ်မစိုင်ဆီကိုလာခဲ့တာဖြစ်သည်။

"အစ်မစိုင်လေ ဂိုဒေါင်မှာ စာရင်းစစ်ဖို့ လူတစ်ယောက်လိုနေတာ..ခွန်းမိုင်ရဲ့အစ်ကိုများ အဲ့ဒီအလုပ်လိုချင်မလားလို့ "

"မလိုချင်လောက်ဘူး အစ်မစိုင်..သူက ဆက်ဆံရေးညံ့တယ် "

"အို..ကိစ္စမရှိပါဘူး "

"သူ​က အလုပ်သိပ်မလုပ်တတ်ဘူး အစ်မစိုင်ရဲ့.. အစ်မရဲ့ စာရင်းတွေ မှားကုန်မှာစိုးရတယ် "

"ရတယ်ရတယ်..အစ်မစိုင် သင်ပေးလိုက်မယ်..အဲ့တာ မင်းသူ့ကိုမေးကြည့်ပေးပါဦး "

ခပ်ပြတ်ပြတ်ကြီးငြင်းလိုက်လျှင် မကောင်းနိုင်တဲ့ လူရင်းတွေမို့လို့ ခွန်းမိုင်က ကြည့်ကောင်းအောင်သာ ဖြေခဲ့လိုက်သည်။

" ကျနော်ပြောကြည့်လိုက်ပါ့မယ်..အရမ်းတော့ မမျှော်လင့်ထားပါနဲ့ အစ်မစိုင် "

"သြော်..ဒါနဲ့ ခွန်းမိုင်..မင်းရဲ့အစ်ကိုက လူပျိုလူလွတ် ဟုတ်တယ်မလား "

"ဗျာ?...ဟုတ်တော့ဟုတ်ပေမယ့် "

"ဟုတ်ပေမဲ့... "

အစ်မစိုင်က ခွန်းမိုင်ရဲ့ဆက်ပြောမယ့်စကားကို မျှော်လင့်တကြီးစောင့်စားနေသည်။ ခွန်းမိုင်ရဲ့နှုတ်ခမ်းထောင့်များက မထိန်းနိုင်အောင် ကော့တက်သွားပြီး

"ချစ်သူရှိတယ် "

" ဟင်! တကယ်လား "

"ဟုတ်တယ် အစ်မစိုင်..သူ့ချစ်သူ ကိုလည်း တော်တော်ချစ်တာတဲ့ "

စိတ်ပျက်လက်ပျက်ဖြစ်သွားသော အစ်မစိုင်ကိုထားခဲ့ပြီး ခွန်းမိုင် ဂိုဒေါင်ကနေ အူမြူးစွာထွက်လာခဲ့သည်။

Beloved Mai Where stories live. Discover now