Part_13

1.2K 90 5
                                    

"ဒါက ကိုယ့်နေရာပဲ "

ခွန်စိုင်းနောင် ခွန်းမိုင်ကိုခေါ်လာသည့်နေရာက သူ့ရဲ့စံအိမ်ဆီကိုဖြစ်သည်။ ခွန်စိုင်းဒင်ရဲ့ စံအိမ်လိုပဲ ကြီးကျယ်ခမ်းနားပေမယ့် မတူတာက ပိုကျယ်သော ခြံဝန်းရှိသည်။ ကွင်းပြင်ကျယ်၌ ကိုယ်ပိုင် ဟယ်လီကော်ပတာ တစ်စီးရပ်ထားတာကိုပါမြင်ရသည်။

"လာလေ..အိမ်ထဲဝင်ခဲ့"

ခွန်းမိုင် သတိကြီးကြီးထားပြီး အိမ်ထဲကို ​ခြေချလိုက်သည်။ ခွန်စိုင်းဒင်က လူကောင်းမဟုတ်မှတော့ သူ့ညီကလည်း ဒီပုတ်ထဲကဒီပဲ ပဲဖြစ်မှာပေါ့။ နောက်ပြီး သာမန် လူတစ်ယောက်သာဆိုရင် ဒီအသက်အရွယ်နဲ့ ဒီလောက်ကြီးကျယ်ကြွယ်ဝနိုင်မှာတဲ့လား။

"ပြန်ရောက်ပြီလား ခွန်စိုင်း"

လုံခြုံရေးတွေက ခွန်စိုင်းနောင်ကို ကြိုဆိုရင်း ခွန်းမိုင်ကိုလည်း သတိထား အကဲခတ်ဖို့မမေ့။ ခွန်စိုင်းဒင်ရဲ့ အိမ်မှာနဲ့ မတူတာက ဒီအိမ်ရဲ့လုံခြုံရေးတွေက နိုင်ငံခြားသားအများစုပါဝင်နေသည်။ လူကောင်ထွားထွား ၊ ဂတုံးပြောင်ပြောင်ကြီးများဖြင့် မျက်မှန်အမည်းများဝတ်ကာ ရုပ်ထုကြီးတွေလို ရပ်နေကြသည်။

"ဒီမှာထိုင် "

ခွန်စိုင်းနောင်က အိမ်ထဲမှာ လုပ်ထားသည့် ဘားပုံစံငယ်လေးမှာ ခွန်းမိုင်ကို နေရာချပေးသည်။ သူ့ရဲ့အိမ်တော်ထိန်းဖြစ်သူက အမျိုးသားဖြစ်ပြီး ဘားရဲ့အနောက်မှာ သောက်စရာဖျော်စပ်ပေးနေသည်။

"ဘာလို့ခေါ်လာတာလဲ? "

ခွန်းမိုင် ဝှေ့လည်ကြောင်ပတ်လုပ်မနေဘဲ တိုက်ရိုက်ထုတ်မေးလိုက်သည်။ တစ်ယောက်နဲ့တစ်ယောက် မသိပါဘဲ ခွန်းမိုင်ကို ခေါ်ထုတ်လာတာ ဘာသဘောလဲ။ သူပြောတဲ့ ခွန်စိုင်းဒင်က ခေါ်ထုတ်ခိုင်းလို့ဆိုတာတော့ မဟုတ်တာသေချာသည်။ ခွန်စိုင်းဒင်က သူ့ကိုအစောင့်တွေမျက်စိအောက်က မလွတ်အောင်ထားတာ မဟုတ်လား။

ခွန်စိုင်းနောင် လိမ်ခေါ်တာမှန်းသိရဲ့နဲ့ ခွန်းမိုင် လိုက်လာခဲ့တာဖြစ်သည်။ သူ့အမေးကို ခွန်စိုင်းနောင်က ခပ်ဟဟ တစ်ချက်ရယ်ပြီး

Beloved Mai Where stories live. Discover now