Part_9

2.1K 125 8
                                    

"မွေးနေ့မှာ ပျော်ရွှင်ပါစေ!! "

အခန်းထဲကနေ အပြင်ကိုထွက်ထွက်ချင်း ဝိုင်းအော်လိုက်တဲ့အသံကြောင့် ခွန်းမိုင် လန့်သွားရသည်။ တရားခံများက စောမိုးနေ၊ နန်းခေးမွန်နှင့် ရိုင်ဟန်းတို့ဖြစ်ပြီး သူတို့ရဲ့နောက်မှာ အဘိုးတောင်ပါလိုက်သေးသည်။

"ဘာလဲကွာ..ကလေးလည်း မဟုတ်တော့ဘဲနဲ့ "

မကြိုက်သလို ငူစူလိုက်ပေမယ့် တကယ်တော့ ခွန်းမိုင် အရမ်းပျော်ရသည်။ ခွန်းမိုင်ရဲ့ ဘဝထဲမှာ ရှိတဲ့လူအရေအတွက်က လက်တစ်ဖက်စာပင်မပြည့်ပေ ။ မနှစ်ကအထိ မွေးနေ့ကို အဘိုးရယ်၊ စောမိုးနေတို့မောင်နှမရယ်နဲ့ ဖြတ်သန်းခဲ့ရပြီး ယခုနှစ်မှာတော့ ခွန်းမိုင်ရဲ့ဘဝထဲကို နောက်ထပ် အရေးပါတဲ့ လူတစ်ယောက် ဝင်လာခဲ့ပြီဖြစ်သည်။

"ရိုင်ဟန်း "

ခွန်းမိုင်ကို ပြုံးပြီးကြည့်နေသည့် ထိုသူက ဘယ်အချိန်ကတည်းက အခန်းထဲမှ ထွက်သွားသည်မသိ။ အဖြူရောင် စတစ်လက်ရှည်နဲ့ အညိုရောင် ယောပုဆိုးကိုဝတ်ကာ ခါတိုင်းထက်ကို သန့်ပြန့်ချောမောလွန်းနေသည်။

"မြန်မြန်ရေချိုး..ဘုရားသွားမယ်ကွ! "

စောမိုးနေက လော်ဆော်နေတာနဲ့ ခွန်းမိုင် ရေလဲပုဆိုးယူပြီး ရေအမြန်ချိုးလိုက်သည်။ မနက်စာသည်လည်း ဟင်းခွက်ကြီးငယ်ဖြင့် ခါတိုင်းထက် အမယ်စုံနေသည်။

"ဒါက ကိုယ်လုပ်ထားတာ "

ခွန်းမိုင်ရဲ့ရှေ့သို့ အသဲပုံစံလှီးဖြတ်ပုံဖော်ထားသည့် ကြက်ဥကြော်ပန်းကန်ရောက်လာသည်။ ခွန်းမိုင်က ပြုံးချင်နေတာကို ပါးစပ်အတင်းစေ့ဖို့ကြိုးစားနေပြီး ရိုင်ဟန်းရဲ့ အကြည့်တွေကတော့ ခွန်းမိုင်ရဲ့ မျက်နှာပေါ်မှာ သံမှိုစွဲကပ်ထားသည့်အလား။

သူတို့နှစ်ဦး၏ မူမမှန်သော အရိပ်အကဲများကိုတော့ မျက်နှာချင်းဆိုင်မှာထိုင်သည့် စောမိုးနေက သတိထားမိလို့နေသည်။

ဒီနေ့ ခွန်းမိုင်သည်လည်း စတစ်လက်ရှည်အဖြူနှင့် အညိုရောင် ယောပုဆိုးကိုပဲဝတ်သည်။ နှစ်ယောက်လုံးက ဆင်တူဖြစ်နေတာကြောင့် စောမိုးနေက ထုတ်မေးလိုက်သည်။

Beloved Mai Where stories live. Discover now