Part_7

1.5K 110 5
                                    

"ခွန်းမိုင်က ဆိုး​နေပြီပဲ"

ချာချာလည်အောင် မူးနေတဲ့ ခေါင်းထဲကို ဝင်လာတဲ့ ခပ်အက်အက်အသံတစ်ခု။

"ကိုယ်မပါဘဲ အရက်သောက်ရဲတယ်ပေါ့ ဟုတ်လား "

ရိုင်ဟန်းလား။ ရိုင်ဟန်းက သူ့ကိုဆူနေတာလား။ ခွန်းမိုင် မျက်လုံးဖွင့်ကြည့်ချင်ပေမဲ့ မျက်ခွံတွေက လေးလွန်းနေသည်။

သူ့ရဲ့ခန္တာကိုယ်ကို ကိုင်တွယ်နေသည့် လက်တွေကို ခံစားမိသည်။ ကိုယ်တိုင်ကတော့ ခြေထောက်တစ်ချောင်း၊ လက်တစ်ချောင်းပင် မရွေ့နိုင်။

ယားကျိကျိခံစားချက်တစ်ခုက မေးစေ့အောက်ကိုတိုးဝင်လာချိန်မှာ လည်ပင်းတစ်နေရာသည်လည်း စိုစွတ်သွားရသည်။

"ရိုင် .. ဟန်း "

တစ်ကိုယ်လုံး မလှုပ်နိုင်ရသည်မှာ အရက်ကြောင့်ဆိုတာထက် သူ့တစ်ကိုယ်လုံးကို တက်ခွဖိထားသည့် ရိုင်ဟန်းကြောင့်ဟု ခွန်းမိုင် ရှာတွေ့သွားသည်။

သူ့ရဲ့လည်ပင်းတွေကို ကိုက်ခဲနေရင်းကနေ အင်္ကျီအောက်ထဲက လက်တွေကလည်း တရွေ့ရွေ့။ ခွန်းမိုင် လူးလွန့်လိုက်ပေမယ့် အချည်းနှီးသာ။

"ဟင့်! "

အရှိန်မသေသေးတဲ့ ငိုချင်စိတ်က လည်ချောင်းထဲကနေ ပြူထွက်လာတော့ ခွန်းမိုင် နောက်တစ်ကြိမ်မျက်ရ​ည်များကျလာတော့သည်။

"ရိုင်ဟန်း...ခင်ဗျားကို အိမ်ပြန်မလွှတ်ချင်ဘူး "

ရိုင်ဟန်းရဲ့ နွေးနေတဲ့လက်ဖဝါးကြီးက ခွန်းမိုင်ရဲ့ ပါးပြင်များကိုပွတ်သပ်ပေးပြီး

"ဒါဆို မလွှတ်နဲ့ "

"ခင်ဗျား..မပြန်နဲ့ "

"ကောင်းပြီ..ကိုယ်မပြန်ဘူး "

မေးစေ့မှာ လှိုင်းတွန့်လေးတွေပေါ်လာသည်ထိ တအိအိငိုရှိုက်လာသော ခွန်းမိုင်မှာ မျက်နှာလုံးတစ်ပြင်လုံး မျက်ရည်တွေရွှဲနေသည့်အပြင် အရက်ရှိန်ကြောင့် ပါးတွေကလည်း နီရဲလို့နေသည်။

မျက်ရည်တွေနဲ့ ပေလူးနေသည့် နှုတ်ခမ်းများကို စုပ်တော့ ငန်တဲ့အရသာကို ခံစားရသည်။ အမူးသမားလေးက အရ​က်သောက်ထားတော့ ပိုရိုးသားနေသည်။ ခပ်ပြင်း​ပြင်းနမ်းရှိုက်ရုံနဲ့ အမောက်ထောင်လာသော ပစ္စည်းက ရိုင်ဟန်းရဲ့ ဝမ်းဗိုက်ကို ပွတ်တိုက်လို့လာခဲ့သည်။

Beloved Mai Where stories live. Discover now