ချောက်ကမ်းပါးအစွန်းမှာ မိန်းကလေးတစ်ယောက်ရပ်နေသည်။ လက်ဖဝါးနှစ်ဖက်ကို အခါခါပွတ်လို့ မျက်ရည်လည်ရွှဲ အော်ဟစ်ငိုကြွေးနေသည်။
"မလုပ်ပါနဲ့..ရတီ့ကို မသတ်ပါနဲ့!...တောင်းပန်ပါတယ်..ရတီ တောင်းပန်ပါတယ် "
"ဒိုင်း! "
ထိုမိန်းကလေးရဲ့ရင်ဘတ်မှာ သွေးတွေ ပန်းထွက်လာသည်။ ပြူးကျယ်သွားသောမျက်လုံးတွေက လုပ်ရက်လေခြင်းလို့ အပြစ်တင်နေကြသည်။ အသက်ဝိဉာဥ်ကင်းမဲ့သွားသော ခန္တာကိုယ်က ချောက်ကမ်းပါးကနေ ပြုတ်ကျသွားခဲ့သည်။
"ရတီ...ရတီ! "
လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက တစ်ရက်မပြတ် မက်လာတဲ့ အိမ်မက်ဆိုးမှ သူနိုးထလာချိန်၌ ဘေးမှာ လူယုံတစ်ဦးက ရပ်စောင့်နေတာကိုမြင်လိုက်ရသည်။
ပျက်ယွင်းနေသောမျက်နှာကို လက်ဖဝါးဖြင့်ပွတ်လိုက်ပြီး သူမေးလိုက်သည်။
"ရှာတွေ့ပြီလား "
"တွေ့ပါပြီ ခွန်စိုင်း "
နောက်တစ်နာရီအကြာမှာတော့ ကျဥ်းမြောင်းသော တောင်ပေါ်လမ်း၌ တန်းစီမောင်းနှင်လာသော အနက်ရောင်ကားများဖြင့် ပြည့်နှက်လို့သွားခဲ့သည်။
ဘုရားပွဲက အရှိန်ကောင်းကောင်းဖြင့် ကျင်းပနေဆဲဖြစ်သလို လာရောက်လည်ပတ်ကြသူတွေကလည်း တဖွဲဖွဲ။
ခွန်းမိုင်တို့ လေးဦးရဲ့လက်ထဲမှာတော့ အာတာပူစီလို့ခေါ်သည့် ပန်းရောင်ငှက်သိုက်မုန့်ကြီးများကို ကိုင်လျက် လျှောက်သွားနေကြသည်။
တစ်နေရာအရောက်မှာ သီချင်းဆိုနေသောတီးဝိုင်းအဖွဲ့နှင့် တွေ့သည်။ နားထောင်နေကြသော လူအုပ်ကြီးက ခွန်းမိုင်တို့ရဲ့ ပတ်ပတ်လည်မှာ ပြည့်လျှံလာပြီး တွန်းတိုက်သည်ထိ ဖြစ်လာသည်။ လူကြပ်နေသည်ကို အခွင့်ကောင်းယူ၍ ရိုင်ဟန်းက ခွန်းမိုင်အား အနောက်ဖက်မှ ပွေ့ဖက်လို့ထားလေသည်။ ခွန်းမိုင်က ရိုင်ဟန်းရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
အပြာရောင် အချစ်ည ~
မင်းလှမ်းကြည့်လိုက်စမ်း
မိုးကောင်းကင်ထက်
များတဲ့ တို့အချစ်များ ~
ကြယ်စင်အားလုံးထက်
လင်းတဲ့ တို့အချစ်များ
အပြာရောင်အချစ်ည ကမ္ဘာမှာ~
YOU ARE READING
Beloved Mai