သည်နေ့တော့ထူးထူးခြားခြား လင်းလင်းထင်းထင်းလေးရှိနေသည်။ ပုံမှန်ဆိုရင် မနက် ၁၁ နာရီလောက်ဟာ မှေးမှိန်ဆဲ။ အဒီးတို့ပြန်လာ မယ့်ရက်မို့ထင်ပါရဲ့။ညနေ ၄နာရီ မှာ စူးကျယ်အောင်တစ်ယောက် တစ်ယောက်ခြံထဲတွင် အပင်များကို ရေပိုက်နှင့် ဖျန်းနေခဲ့သည်။
"အိပ်ချင်လို့၊အိပ်ချင်လို့"
ကချင်သံဝဲဝဲလေးတစ်ခု ခြံရှေ့မှ ပေါ်ထွက်ခဲ့သည်။ ဟိုကောင်ငပြောင် အိမ်ရှင်တို့ ကို အိပ်ချင်လို့ဟု အော်နေခြင်းဖြစ်သည်။ ချက်ချင်းဆိုသလိုပင် စူးကျယ်အောင် လက်ထဲမှ ရေပိုက်ကို လွှတ်ချ အပြေးတစ်ပိုင်းနှင့် ခြံတံခါး နားထိရောက်သွားသည်။ အဒီးကတော့ ခြံတံခါး ကိုယ်တိုင်ဖွင့်ဝင်ခဲ့ပြီး ခြံထဲ ပင်ရောက်နေပြီ။"ဘာအိပ်ချင်တာလဲ၊ ရူးကျားကျားနဲ့၊ လက်ထဲက ဘာတွေလဲ ၊လက်ဆောင်တွေမလား၊ ချပြီး ၊လစ်တော့"
"မင်းကိုလာပေးတယ်များထင်နေတာလား၊အပါကြီးအတွက်ပဲ ပါတယ် မင်းအတွက်မပါဘူး"
"မညယ်"
"အဒီး ပြန်လာခဲ့ကြပြီလား"
"အော့်၊ ခုဘဲ ပြန်ရောက်တာပါ့အေ့"
အဒီး အိမ်ပေါ်တက်လာသည်။ စူးကျယ်အောင်လဲ ထပ်ကြပ်မကွာ လိုက်လာသည်။
"ဘာတွေလဲကွ၊ အလိမ္မာတုံးလေးရဲ့"
စူးကျယ်အောင် လေချိုသွေးသလိုနှင့် ထေ့ လိုက်သည်။
"အငတ်က ခေါ်စရာတောင်မလိုဘူး မောင်"သည် ဝန်းကျင်ဒေသမှာက မောင် ဟူသော စကားနှင့်အဆုံးသတ်လေ့ရှိသလို မောင်ဟူသော စကားနှင့်ပင် အစပျိုးသည်လည်း ရှိကြသည်။
"ဒါက အပါကြီးအတွက် ရွှေပုစွန်က ကွတ်ကီး၊ ပြီးတော့ ဒါက ကားထဲ ထည့်တဲ့ရေမွှေး၊ ပြီးတော့ ဒါက အပါကြီးမှာတဲ့အာရုံကြောအားဆေး၊ မုန့်ကလေ အရမ်းမချိုတော့ အပါကြီး ကြိုက်မှာ၊ မင်းကတော့အချိုကြိုက်တော့ မစားတော့နဲ့ပေါ့ ၊နော့်"
"အလား ဘယ်လိုတောင် စေးကုတ်တာကြီးလဲရော်ဟေ့၊ ငါ့အတွက်လဲ ဘာမှပါမလာဘူးရော်"
အပါကြီးရှိနေသောကြောင့် ၊တိုးတိုးတိတ်တိတ် ဆဲပြီး ခြံထဲ ထဆင်းသွားသည်။"ဟေ့ရောင် ၊စိတ်ဆိုးသွားတာလား၊ ဒိုးနတ်( Doughnut) ပါတယ်ကွ"
စူးကျယ်အောင်မျက်လုံးလေး အရောင်လတ်သွားသည်။
"ငါတို့တောင်ပေါ် သွားစားမလား"
"အာ ခုချိန်ကြီး တက်လို့ ဘယ်လိုရမှာလဲကွ"
"အပါကြီးကို ကား နဲ့လိုက်ပို့ခိုင်းမယ်လေ"
___________________________
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။