မနေ့ညက ဆေးမသောက်ဖြစ်လိုက်သည့် အကြောင်းသို့ရောက်လိုက်။
အစ်ကိုမှ ဖုန်းပင်မဆက် စာပင်မပို့သော အကြောင်းရာဆီရောက်လိုက်။
ခုရက်ပိုင်း အဒီးပေါ် မရိုးမသားဖြစ်နေသည့် စိတ်ဘက်ရောက်လိုက်နှင့် မိမိစိတ်အခြေနေကို မိမိပင် သေချာ ဝေခွဲမရပါ။
"ရှီးပါ့အေ့ မင်းက ဒီမှာလာရောက်နေတာကြီး"
သူရုတ်တရက်ကြားလိုက်ရသော အသံကြောင့် အတွေးတို့က အသံဆီသွားစုလိုက်သည်။ တစ်ယောက်တည်းနေချင်ပါတယ်ဆို မှ အဒီးက ရောက်ဖြစ်အောင်ရောက်လာသေးတော့သည်။
"မင်းက ဒီမှာ ဘာထိုင်လုပ်နေတာလဲ တစ်ယောက်တည်း"
"ငါတွေးနေမိတာ၊ ငါ လူတစ်ယောက်ကိုချစ်နေမိပြီလားလို့"
သူခေါင်းလေး ငုံ့ထားသည်။ သူ့မျက်လုံးတွေ အဒီးဖက်မိသည်။ ငိုတော့မည့်ယောင်ယောင်။"မင်းအစ်ကို့ကို တကယ်ချစ်မိနေတာလား"
အဒီးမေးသံက အေးစက်နေသည်ထင်ရသော်လဲ စင်စစ် သိမ်ငယ်သံပါနေသည်ကိုတော့ အဒီးမှ လွှဲ၍ မည်သူမျှ သိမည်မထင်။
"မင်းဘယ်လိုသိတာလဲ၊ ပြီးတော့ နာမည်ကရော ဘယ်လိုသိတာလဲ"
"ပြောမှာသာ ပြောစမ်းပါ"
"မရဘူး၊ မင်းအရင်ပြော၊ မင်းသူ့နာမည်ကို ဘယ်လိုသိတာလဲ"
ဒီတစ်ခါ မျက်နှာငယ်လေးနှင့်ဖြစ်သွားသူက အဒီးဖြစ်သည်။
"ငါမင်းဒိုင်ယာရီစာအုပ် ကို ဖတ်မိလိုက်တယ်"
သူ စိတ်မဆိုးပါ။ အဒီးနှင့် သူ့ကြားမှာ ဒိုင်ယာရီစာအုပ်လေး ခိုးဖတ်တာလောက် တော့ စာမဖွဲ့ပါ။
"ဟုတ်တယ် ထင်တယ်၊ ငါအသက်ငယ်ပေမယ့် ငါထင်တာတော့ ငါဘယ်သူ့ကို မှ သူ့လောက်မစွဲလမ်းဖူးဘူး၊ ပြီးတော့ ပြောင်းလဲမသွားဘူး၊ ဒါပေမယ့် သေချာလားမေးလာခဲ့ရင် သူ့အပြုမူတွေကြောင့် ငါ ချက်ချင်းအဖြေ မပေးနိုင်ပြန်ဘူး၊ သူငါ့အပေါ် အရမ်းအေးစက်လွန်းတယ်၊ ပြီးတော့ မသိသလို အမြဲဟန်ဆောင်နေတယ်၊ အရာရာကို သူ့သိက္ခာတွေ မိသားစုတွေ အလုပ်တွေ နဲ့ထိန်းချုပ်ထားတယ်၊ မသိတော့ပါဘူးကွာ ၊ သူ့ကိုချစ်ရတာပင်ပန်းပါတယ်"
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။