"မင်းဆရာ ဒီနေ့မလာဘူးတဲ့"
"ဟာ ဘာလို့လဲ"
"မင်းဆရာနေမကောင်းဘူး"
"ဟဲ့ဆရာကဘာဖြစ်တာလဲ မနေ့ကမှ အကောင်းကြီး"
"အမေ မသိပါဘူးအမေရယ် ဒီကောင်က မွေးတည်းကရောဂါနဲ့၊ ပြီးတော့ သူများအကြောင်းလဲ လိုက်စပ်စုမနေနဲ့"အစ်ကို မှ သူ့အမေကို ဩဇာပြန်ပေးနေသည်။စူးကျယ်အောင်ဟာ ဒီအိမ်မှာ နေ့စဉ်နှင့်အမျှ ဝင်ထွက်သွားလာနေတာကြောင့် တစ်အိမ်သားလုံးနှင့် ရင်းနှီးမှုရနေမိသည်။ အစ်ကို့မရီးနှင့်လဲ အတော်လေးရင်းနှီးနေပြီဖြစ်သည်။ အစ်ကို့အမေနှင့်လဲ ရင်းနှင်းနေပြီဖြစ်သည်။ မောင်ဟိန်းလေး အဖေနှင့် အဖိုးကတော့ အိမ်မှာ အမြဲ မရှိသည့် လူတွေဖြစ်သဖြင့် သူတို့နှစ်ယောက်နှင့်တော့ သိပ်မျက်နှာချင်းဆိုင်မိလေ့မရှိပါ။ အစ်ကိုတို့မိသားစုဟာ ဆရာ ဆိုလျှင် မည်သို့ပင် ငယ်နေပါစေ တလေးတစား ဆက်ဆံ တတ်ပါသည်။ ထို့အပြင် စူးကျယ်အောင် မှာလဲ သူတို့တစ်အိမ်လုံး၏ အချစ်တော် မြေးလေးနှင့် အင်မတန်မှ အဆင်ပြေလွန်းသဖြင့် ဆရာ့ကို ညနေပိုင်းစာလာသင်လျှင် ညနေစာ နေ့လယ်ဘက်လာလျှင် နေ့လယ်စာ တို့အပြင် စာသင်နေရင်းစားဖို့ မုန့်တွေမှာလဲ တစ်နေ့နှင့်တစ်နေ့မတူစေရပါ။ မောင်ဟိန်းလေးတို့အခန်းထဲ စာသင်နေချိန် အစ်ကိုမရှိချိန် ဆိုလျှင် ကလေးအမေဟာ စာသင်နေသည့်အခန်းထဲ သို့ဝင်လာပြီး စူးကျယ်အောင်နှင့်စကားလက်ဆုံကျနေတတ်သည်။ အစ်မဟာ ဒီတစ်အိမ်လုံးရဲ့ သူစိမ်းမို့ တစ်သီးတစ်သန့်ခွဲထွက်နေသည့်ပုံစံဖြစ်သည်။ ထို့ကြောင့်လဲ တစ်အိမ်လုံးနှင့်တစ်ယောက်ဖြစ်သည့်အလျောက် သူမ ခံစားနေရသမျှကို စူးကျယ်အောင်ကိုသာ ရင်ဖွင့်ဖြစ်ပါသည်။ စူးကျယ်အောင်ဟာ သူများအိမ်ထောင်ရေးနှင့်မိသားစု ကိစ္စတွေမှာ မပါဝင်လိုသော်လည်း အစ်မပြောသမျှကို တလေးတစား နားထောင်ပေးသည်။ ပြီးလျှင် စိတ်လျှော့ပါအစ်မရယ် ဒီလိုပါပဲဖြစ်တတ်ပါတယ် အစ်မရယ် နှင့်သာ ဖြန်ဖြေ ပေးခဲ့သည်ချည်းသာ။
မပြောသင့်သောစကားများဟု ယူဆကာ အစ်မပြောသမျှစကားတို့အား အစ်ကို့ကိုပင် ပြန်မပြောပြဖြစ်ခဲ့ပါ။ ရင်ထဲတွင်သာ သိမ်းထားလိုက်သည်ချည်းသာ။
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။