စူးကျယ်အောင် သည်တစ်ခေါက်ကျောင်းပြန်လာတက်တော့ ကျောင်းကပေးတဲ့အဆောင်မှာ မနေဖြစ်တော့ပါ။ အပြင်အဆောင်လဲ ငှါးမနေချင်ပါ။ စူးကျယ်အောင်မှာ အရွယ်နဲ့မလိုက်ဖက်စွာ သိုသိပ်ရတဲ့ လျှို့ဝှက်တွေက အများသား မဟုတ်ပေလော။ ထို့ကြောင့်လည်း တိုက်ခန်းတစ်ခန်းငှါးနေဖြစ်လိုက်သည်။တိုက်ခန်းငှါးခ စျေးနှုန်းဟာ အဆောင်လခ ထက် နှစ်ဆများနေလေတော့ တစ်ခြားအသုံးစရိတ်တွေ လျှော့ချဖို့ သူ အသိတရား ရှိနေခဲ့ပြီးသားပါ။
မိုးတွင်းဟာလဲ ကုန်လွန်တာ မြန်ဆန်လိုက်တာဆိုတာလေ။ စိတ်ထင်လို့လဲ ဟုတ်ချင်ဟုတ်မှာပေါ့။ အစ်ကိုနှင့် သူ့ကြားက ဆက်ဆံရေးကတော့ ဝေးတစ်ချက် နီးတစ်ချက်ပါပဲ။ မိုးကုန်လွန်လေသော် မအေးသော ဆောင်းကိုရောက်ခဲ့ရပေပြီ။ ရန်ကုန်ဆောင်းကို မျှော်သလင့်ထားသေလာက်မဟုတ်ရင်တောင် ဆောင်းအလျောက်တော့အေးစေချင်ပါသည်။ မြူနှင်းဆိုတာကတော့ ဝေလာဝေးပေါ့။ နမ္မတီးကိုသာ လွမ်းနေမိပါသည်။ခုချိန်ဆို စောင်ပုံထဲ သို့မဟုတ်ရင် မီးပုံဘေး ရောက်နေပေလိမ့်မည်။
"ညီလေးတို့ နမ္မတီးမှာဆိုရင်လေ နေ့လယ် ဆယ့်နှစ်တောင် နေကမထွက်ဘူး၊ပြီးတော့ ရှမ်းခေါက်ဆွဲ ဆိုလဲ ဘယ်လာ ၊ဒီရန်ကုန်က ဟာနဲ့ဘယ်တူလိမ့်ပါ့အေ့"
"ကဲပါဆရာသမားရယ်၊ ခုလောလောဆယ်တော့ ဒီကရှမ်းခေါက်ဆွဲပဲ ကုန်အောင်အရင်စား"
"တော်ပြီ၊ ဗိုက်ဝပြီရော်"
"အေး လုပ်မှာနော် စားစရာတွေကို ဝေ့စ်(waste) မဖြစ်စေနဲ့၊ မနက်စာဆိုတာ စားရတယ်ကွ ၊ အဓိကက မနက်စာပဲ"
စူးကျယ်အောင် အောင့်အီးပြီး အတင်းဆက်စားလိုက်သည်။မကြိုက်လိုက်တာဆိုတာလေ။ ဒီရန်ကုန်က ရှမ်းခေါက်ဆွက အဆီတဝင်းဝင်း နဲ့ ၊အချိုမှုန့်တွေကလဲ များသေး၊ ပေါက်ကရ အရွက်တွေကလဲ ထည့်ထားသေးတယ်။မေပ ရဲ့ခေါက်ဆွဲလေးကိုဘဲ လွမ်းတယ် ၊ တစ်ဆက်တည်း အဒီးကိုပါ တွဲဖက်ပြီး သတိရမိတယ်။"ကဲကဲ မစားနိုင်ရင်လဲ မစားတော့နဲ့"
အစ်ကို့ရှေ့မှာဆို ကလေးတစ်ယောက်လို အလိုလို ဘာကြောင့်ဖြစ်သွားသည်မသိ။သို့ပေမယ့် ဒီထက်ပိုပြီး ဂရုစိုက်ခံချင်မိတာတော့ ဝန်ခံရပါမည်။ အစ်ကို့ ကိုကြည့်ရတာ စိတ်ထဲ ရှိရင် ရှိတဲ့အတိုင်း မနေတတ်လိုက်တာ။ တစ်ခါတစ်လေ မှာ စူးကျယ်အောင်အတွက် သူ သေချာလေး ဂရုစိုက်ပေးချင်နေတာတောင် မသိသလိုပဲ ဟန်ဆောင်နေတတ်သည်။စူးကျယ်အောင် လူကဲခတ်မညံ့လှပါ။
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။