မနက်မိုးလင်းတော့ အစ်ကိုကဘေးမှာမရှိတော့ပါ။နာရီကြည့်တော့ မနက်ခုနစ်နာရီအတိကျပင်။ချက်ချင်း ညက အနမ်းတွေအကြောင်းတွေးပြီး သမ်းနေရင်းမှပင် အဆုံးထိပင်မသမ်းနိုင်တော့ပဲ ရက်ရက်ရောရောပြုံးမိလိုက်ပါသည်။အခန်းအပြင်ထွက်တော့ တစ်ဖက်သက်ယောက္ခမ မှ ပစ္စည်းပစ္ယများကို သိမ်းဆည်းနေသည်။
"နိုးပြီလား သား"
"ဟုတ် ၊သားဘာကူလုပ်ပေးရမလဲ အန်တီ"
"ရတယ်သား ဘာမှ မရှိဘူး၊ ရေသွားချိုးလိုက်လေ၊ နင့်အစ်ကိုပုဆိုးနဲ့ ရေလဲ လိုက်"
"ဟုတ်"
ပုဆိုးယူဖို့အခန်းထဲပြန်ဝင်လာတော့ မှန်ပြတင်းပေါက်မှ အစ်ကို့ကိုတွေ့ရပါသည်။ ရိုးရာမပြတ် ပုဆိုးကို ခပ်ရှည်ရှည် ခြေမျက်စိထိလောက် ဝတ်ထားပြီး ခွေးကိုလမ်းလျှောက်ပေးနေသည်ကိုတွေ့ရသည်။အစ်ကိုရယ် အစ်ကို့ပုံစံဟာ ဘယ်လိုနေနေကို စူးကျယ်အောင်အတွက် ဘယ်တော့မှ ရိုးမသွားသော ဆွဲဆောင်မှုတွေနဲ့ ရှိနေစေတာပါ။ မနေ့ညကလို မူးနေတဲ့ ပုံစံကြည့်မလား။ အလုံအိမ်မှာသော့ကျန်ခဲ့တုန်းကလို ဘောင်းဘီတိုနဲ့ ပုံစံကြည့်မလား။ ဟော ခရစ္စမတ်ကလို တွေ့ဆုံပွဲအပြီး လမ်းကြုံ ဝင်လာတဲ့ ဂျင်းဘောင်းဘီအရှည်နဲ့ မိုးပြာရောင် ရှပ်အင်္ကျီ ပုံစံနဲ့ ကြည့်မလား။ တကယ် တကယ်ပါ။ ဘယ်လိုပုံစံကြည့်ကြည့်ကို အမြဲတမ်း စွဲမက်နေစေရတာပါ။ ချစ်တဲ့ မျက်စိနဲ့ကြည့်မိလို့လဲ ဖြစ်မှာပါလေ။ပုံမှန်အားဖြင့်တော့ အစ်ကို့ပုံစံက တွေ့ငမျှ လူကို ဆွဲဆောင်တဲ့ စူပါမော်ဒယ်လို ရုပ်ရည် ရူပကာမျိုးတော့လဲမဟုတ်ပါဘူး။ ဟုတ်ပါတယ်လေ ချစ်တဲ့စိတ်ကြောင့်သာလျှင် အရာရာဟာ လှပ ပြည့်စုံသွားရတာပါ။
ကားဖြူလေးသည် လယ်ကွင်းတို့ကို ပတ်ကာဖောက်ထားသော ကတ္တရာလမ်းလေးကို ဖြတ်ပြေးသွားသည်။ ကားခေါင်းမှာတောါ ကားမောင်းနေသော တစ်ဖက်သက် ယောက္ခထီးနှင့် ယောက္ခမရှိသည်။
နောက်ခန်းမှာတော့ အစ်ကိုနှင့်စူးကျယ်အောင်ဟာ မသိမသာ ပူးကပ်ထိုင်လိုက်ကြသည်။ အစ်ကို့ဘက်က ပူးကပ်နေခြင်းမျိုးမဟုတ်ပဲ စူးကျယ်အောင်ဘက်မှ တိုးကပ်နေသည်မှာ မိမိကိုယ်ကိုဉ် သိသာလွန်းလှပါသည်။ ပြီးတော့ ချထားသော လက်ချောင်းရှည်ရှည်လေးများကို လက်ဖဝါးရှည်ရှည် လေးတစ်ခု ဖိကပ်ခြင်းကိုခံစားလိုက်ရပါသည်။
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fiksi Penggemarလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။