ရက်စွဲ (၂၂)

296 30 12
                                    

အကို ခုရက်ပိုင်းအိမ်ကို သိပ်မလာဖြစ်တော့ပါ။ စူးကျယ်အောင်ကတော့ တစ်ပတ် ငါးရက် အစ်ကို့အိမ် အဝင်ထွက်ရှိနေပါသည်။

"I'm lonely,lonely,lonely,I'm lonely,lonely in my life"
"ဟင်၊ မောင်ဟိန်းလေး ဒီသီချင်း ဘယ်ကနေကြားတာလဲ"
"လေးလေးဖွင့်နေတာလေဆရာရဲ့၊ လေးလေးအရမ်းဖွင့်လို့သားတောင်အလွတ်ရနေပြီ၊ နားတွေကိုငြီး​နေတာပါပဲဆရာရယ်"

သူကြိတ်ပြုံးမိလိုက်သည်။

"ဟိုနှစ်ကောင် အခန်းထဲကနေ ငါ့အတင်း ပြောနေကြတာဟုတ်လား"

"ဟဲ့နင်ကဆရာကို ဘာလို့အဲ့လိုပြောတာလဲ"
"အမလေး ဒေါ်တင်အေးရယ် ၊ အဲ့ဆရာက ကလေးဘဲရှိသေးတာ ကြိုက်သလိုပြောလို့ရတယ်၊ နော်ဆရာ"

"အင်း ၊ ဟင်း ဟင်း"
"အစ်ကိုဟာ သူ့အိမ်မှာ ဩဇာညောင်းလှသည်။ ပြီးတော့ သူ့အစ်ကိုတို့မိသားစုဟာ သည်အိမ်မှာ မိသားစုရေးရာမှာအရမ်းအဆင်ပြေလှတော့မဟုတ်သဖြင့် အစ်ကိုဟာ သူ့မရီးနှင့် သူ့အစ်ကိုအား မလိုအပ်ပဲ စကားသိပ်ပြောလေ့မရှိ"

"ဟေ့ရောင် ပြောဘာပြောတာလဲ"
"သားဘာပြောလို့လဲ"
"ငါကြားတယ်နော်၊ငါသီချင်းဖွင့်တာကို နားညီးတယ်ဆို၊ လာစမ်း မင်း"
"အီးဟီးဟီး.... အားးးး၊ ဆရာကယ်ပါအုန်း"
မောင်ဟိန်းလေး စူးကျယ်အောင်နောက်ဝင်ကွယ်သည်။

အစ်ကိုက ကလေးကျောကိုခပ်ဖွဖွလေးထုကာထွက်သွားသည်။

"အဲ့ဦးလေး ကမ္ဘာပေါ်မှာ အရက်စက်ဆုံးဘဲ၊ သူ့ကို ဒီတစ်အိမ်လုံး ဘယ်သူမှ မခေါ်ကြနဲ့ ဟွန့်"
"အောင်မာ မင်းကများ နာချင်လို့ ငါထပ်လာလုပ်ရ"
"လာလော လာလာ"
အစ်ကို ထပ်လာတော့
"အားးးး သွားဒီအခန်းထဲ မဝင်နဲ့ ၊ ဒါ မေမေနဲ့ ဖေဖေနဲ့ ဆရာနဲ့ သားနဲ့ ပိုင်တာ ၊လေးလေး အခန်းမဟုတ်ဘူး"
ဟုဆိုကာ အခန်းတံခါးကို ပိတ်လိုက်သည်။

"အေးပါ မင်း မင်းဆရာကိုအတော်ကိုချစ်နေဟုတ်လား"
"ချစ်လိုက်တာ ရွှေဆရာလေးကို မွှမွှ"

စူးကျယ်အောင် တို့ဆရာတပည့်နှစ်ယောက်က မောင်ဟိန်းလေးတို့သားမိ သားဖတွေ အိပ်သည့်အခန်းထဲ စာဝင်သင်ရသည်။ ဒီနေ့လို အစ်ကို အိမ်ကနေ လုပ်စရာ အလုပ်ရှိသည့်နေ့မျိုးဆိုရင်တော့ ပီယာနို တီးတာ မသင်ဖြစ်ပဲ ပုံပြင်စာအုပ်လေးတွေ ဖတ်တာ သီချင်းတွေကျက်တာလောက်သာ အခန်းထဲ လုပ်ဖြစ်သည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now