"ဒါဘာကြီးလဲ အစ်မ"
"အမလေး အဲ့တာ ရှင့်အစ်ကိုက ရှင်တို့ကို ခရစ္စမတ်တုန်းက လက်ဆောင်ပေးတော့ရှင့်မောင်ဟိန်းလေးက သူ့ဦးလေးကို သူလဲလိုချင်တယ် ဆိုပြီး ပူဆာလို့ လုပ်ထားပေးတာပါ၊ ခုမှတွေ့တာလား"
"အော့်ဟုတ်တယ်၊ခုမှတွေ့တာရော်"
"နောက်ဖေးလှေကားမှာဘဲ ထားလို့ထင်တယ်"မောင်ဟိန်းလေးအားစန္ဒယားသင်ပေးပြီး ထုံးစံအတိုင်း အိမ်မပြန်သေးဘဲ စကားတွေပြောနေဖြစ်သည်။ အိမ်မှာ မောင်ဟိန်းလေးတို့သားအမိသာရှိသည်။ အစ်ကိုကတော့အလုပ်သွားသည်။ အစ်မ ယောက္ခမနှင့် ယောက္ခထီးကတော့ ဟိုဘက်ကမ်းက အိမ်အသစ်မှာ စတင်နေထိုင်တော့ပြီ။
"အဲ့နေ့က နင်နဲ့ သူ့သူငယ်ချင်းတစ်ယောက်အတွက်ဆိုပြီး နေကြာပင်နှစ်ပင်ကိုသူကိုယ်တိုင်သေချာ စိုက်ပြီး လုပ်နေတာပဲ။ အမလေး ဒါပေမယ့်မတူပါဘူးနော် စူးကျယ်အောင်ရမယ့်နေကြာပင်မှာက အရုပ်တွေ ပါတယ် ဟိုတစ်ယောက်အတွက်က မပါဘူး။ အဲ့အရုပ်တွေ မြင်ပြီး ရှင့်သားက သူလဲ လိူချင်တယ် ဆိုလို့ သနပ်ခါးပန်းပင်နဲ့လုပ်ထားပေးတာ"
"ဟားဟားဟား"
နှုတ်မှ ထွက်ရယ်မိလိုက်သော်လည်း စိတ်ထဲမှာတော့ ရေနက်အောက်ထဲ ရုတ်တရက် ဆတ်ခနဲ ဆွဲချခံလိုက်ရသလိုဖြစ်သွားသည်။ နေကြာပင်က တစ်ပင်တည်းမဟုတ်ပဲ နှစ်ပင်တဲ့လား။ ကျန်တစ်ပင်က အခြားသူအတွက်တဲ့လား။ အခြားသူအတွက် လုပ်ပေးရင် လမ်းကြုံလို့ သူ့အတွက်ပါ လုပ်ပေးတာလား။ထိုသို့မဟုတ် သူ့အတွက်ရည်ရွယ်ပြီး စိုက်ပျိုးပေးရင်း ပိုလျှံလို့ တစ်ခြားတစ်ယောက်ကိုပေးတာလား။ မည်သို့ပင် ဖြစ်ပါစေ သူကတော့ အစ်ကို့ရဲ့ ကိုယ်ပိုင်သီးသန့်တစ်ခုတည်းသော အရာလေးသာ ဖြစ်ချင်မိတာအမှန်ပါ။
"ငါလဲ နင့်ကိုမေးရအုန်းမယ်"
"အော့်"
"နင်နဲ့ ဗိုလ်တေက ကြိုက်နေတာလား"
"ဟင်"လုံးဝ အံ့အားသင့်သွားခဲ့ရပါသည်။ အစ်မ ထိုသို့မေးလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။ ပြီးတော့လဲ တိုက်ရိုက်ကြီး။
"ဘာလို့လဲ အစ်မရဲ့ ၊ အစ်မ ဘာတွေများကြားထားလို့လဲ"
"ဘာမှတော့မကြားပါဘူး၊ ဒါပေမယ့်ဟယ် ငါလဲ ပွင့်လင်းတဲ့လူပါဘဲ ပြီးတော့ငါက စပိုတာ(Supporter)နော်။ ပွင့်ပွင့်လင်းလင်းပေါ့ဟယ် ။ ရှက်မနေပါနဲ့။ ငါက နားလည်ပါတယ်"
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။