ရက်စွဲ(၃၀)

303 26 6
                                    

မနက်အစောကြီးနိုးလို့နေတော့ အဒီးက ဟိုဘက်စောင်းပြီး ခွေခွေလေး အိပ်ပျော်နေသည်။ သူ့မှာ အပေါ်ပိုင်း ဘာမျှ မပါ။ အောက်ပိုင်းတော့ ဘောင်းဘီနှင့်၊ သူကရော

"ဟိုက် ငါ့ဘောင်းဘီရော"
ပြန်တွေးကြည့်လိုက်သည်။ ညက မူးပြီးအိပ်ပျော်သွားတာဘဲသိသည်။ ပြီးတော့ အဒီးနှင့်နမ်းခဲ့သည်လား။ သေချာသည်လား ။ စိတ်ထင်တာများလား။ သေချာတော့မမှတ်မိ။ ခုတော့ခေါင်းအတော်လေး ကိုက်နေရပြီ။ အသာလေး ဘောင်းဘီ လိုက်ရှာပြီး ဝတ်လိုက်သည်။

"နိုးပြီလား ဆရာသမား"
"အော့် ငါခေါင်းတွေ တအားကိုက်တာကြီးရော"
"အေ့ မင့် မသောပ်တတ်ဘဲ သောက်တာကိုး"
"အေးလို့ ငါညက အန်သေးလား"
"လခွမ်း အန်လိုက်တာမှ ငါတောင် မင်းအန်တာ ကြည့်ပြီး ပြန်အန်တယ်"

သူ ရှက်တော့မရှက်မိပါ။ ဒီနေရာမှာ တစ်ခြားလူသာဆိုလျှင် သူ ရှက်မိမှာ အမှန်ပင်၊ ဥပမာဆိုရလျှင် အကိုရှေ့မှာသာ ဆိုလျှင်ပေါ့။ သို့သော်လဲ အစ်ကိုနှင့်အရက်အတူသောက်တုန်းကလဲ အန်တာပါပဲလေ။
သူတစ်ဖြည်းဖြည်း မျက်ရည်ဝဲလာသည်။နံနက်ခင်းနေရောင်သည် ပြတင်းပေါက်မှ တစ်ဆင့် အိပ်ယာထဲကို အလင်းတန်းတစ်ကြောင်းစာဆလာက်သာ ဖြာကျနေသည်။ နေရောင်ကြောင့်ထင်ပါရဲ့ မျက်ရည် စို့နေသော မျက်လုံးလေး လဲ့ရည် နေသည်။

"ဟေ ဘာလို့လား မင်းဟာက"
"ငါခေါင်းအရမ်းကိုက်တာပါဆိုနေမှ အဟင့်"
ပြောရင်းဆိုရင်းကနေ ကလေးတစ်ယောက်လို ဂျီကျမိသည်။
"ရော်ကဲကွာ အရက်နာကျလို့ငိုရတယ်တဲ့၊ လူကြားမကောင်းပါဘူးကွာ ၊ တိတ်တိတ် ငိူမနေနဲ့"

ဟုဆိုကာ ဖက်ထားပေးလိုက်သည်။ ပုံမှန်သာဆိုလျှင် အဒီးခုလို ဖက်ထားပေးမည်မထင်။ ပြီးတော့စူးကျယ်အောင်သည်လဲ သူ့ရင်ခွင်ထဲ တိုးဝင်မိလိုက်သည်။ ညက အခြေနေကြောင့် များအဒီး ခုလို လက်မြန်ခြေမြန်ရှိသွားလေသလား။ထိုသို့ဆိုလျှင် ညက ဘာတွေ ဖြသ်ပျက်ခဲ့ကြပါလိမ့်။

"ငါတို့ညက ဘာဖြစ်ကြတာလဲ"
"မညယ် ဘယ်လိုလုပ်မှတ်မိမှာလဲဟ၊ မင့်ရော ငါရော နှစ်ယောက်လုံးမူးနေကြတာကို"
"ငါထင်တာတော့......."
"ဘာထင်လို့လဲ မင်း မူးပြီး အိပ်သွားတာ သိုးလို့"
"မသိတော့ဘူးကွာ၊ထားလိုက်ပါတော့"
"ဘာမှတွေးမနေနဲ့ ငါ သံပုရာရည်ဖျော်ပေးမယ်"

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now