ရက်စွဲ (၇)

713 77 14
                                    

"တီ...တီ...တီ....."
ခေါင်းရင်းစာကြည့်စားပွဲမှ ဝက်ဝံရုပ်ပုံနာရီလေးမှ အသံထွက်ပေါ်လာသည်။ စူးကျယ်အောင်လက်များ နာရီပေါ်သို့ရောက်သွားသည်နှင့်တစ်ပြိုင်နက်နာရီသံလေးလဲ တိတ်ဆိတ်သွားသည်။ အိမ်ခေါင်မိုးသွပ်ပြားပေါ်သို့ကျနေသော နှင်းစက်သံ တဖြောက်ဖြောက်ကတော့ မတိတ်သေး။ တစ်သျှူးအစို နှင့် မျက်နှာ သန့်စင်လိုက်သည်။ မျက်နှာ မသစ်ချင်ပေ။ထိတွေ့ရမည့်ရေသည် ရေခဲတမျှအေးစက်လွန်းလှသည်။ ရေနွေးလည်းအများကြီးမကျန်တော့သောကြောင့်ဖြစ်သည်။အသစ်လဲမတည်ချင်ပါ။ ခုတစ်သျှူးစို နှင့်ထိတွေ့သည်မှာပင်အတော်လေးကို အေးနေပြီ။လယ်သာ တစ်ထပ်ထပ်ဝတ်လိုက်သည်။ ညတည်းကညပြင်ဆင်ထားသော ကွတ်ကီး နှင့် ကော်ဖီအမှုန့်ထုပ် နှင့် ရေနွေး လက်ကျန်လေးကို ဓာတ်ဗူးအသေးလေးထဲ ထည့်လိုက်သည်။
"သားသား၊ အရမ်းမလောနဲ့နော် တောင်ပေါ်တက်ရင်၊ဖြည်းဖြည်းဘဲတက်ကြားလား"
"ဟုတ်အပါကြီး"
"ပြီးရင်အောက်ဆင်းရင်းနဲ့ ကြက်တွေပါ တစ်ခါတည်း လွှတ်ပေးခဲ့နော်"
"ဟုတ်"
အပါကြီး အိပ်ယာထဲမှ ပြောနေခြင်းဖြစ်သည်။ဒီနေ့ အဒီးနှင့်တောင်ပေါ်တက်မည့်အကြောင်း မနေ့ညတည်းက ပြောနှင့်ပြီးသားဖြစ်သည်။သူ အောက်ဆင်းလိုက်သည်။ထို့နောက် ကြက်ခြံတံခါးဖွင့်ပေးလိုက်တော့ ကြက်များ အလျှိုလျို ထွက်ကုန်ကြသည်။ကြက်အုပ်များလည်း အရင်ကလို အရမ်း မသွက်လက်တော့ပါ။ ကုပ်ကုပ် ကုပ်ကုပ်နှင့်သာ သွားရှာသည်။ သူတို့မလဲ အေးလွန်းလှသည်ကိုး။ ကြက်မကြီးကတော့ကြက်ပေါက်လေးတွေကို အတောင်အောက် ၊ဝမ်းဗိုက်အောက် ဝပ်ထားပေးလိုက်သည်။ခြံရှေ့အရိပ်တစ်ခု တွေ့လိုက်သည်။ နှင်းထုထဲမို့ သေချာ မသဲကွဲသော်လည်း စိတ်ခံစားချက်မှာ အဒီးမှန်း အတပ်သိပါသည်။ အဒီးလဲ အနွေးထည် အထူ နှစ်ထပ် နှင့် အနွေးဦးထုပ် ခဲရောင် နှင့်ဖြစ်သည်။ သည်အိမ်မှ ၆၀၀မီတာလောက် လမ်းလျှောက်သွားလျှင် တောင်ခြေသို့ရောက်လိမ့်မည်။ တောင်များပတ်ပတ်လည်ဝန်းရံထားသော နမ္မတီးမြို့လေးတွင် သည်တောင်လေးသာ လမ်းပေါက်သဖြင့် ယခုလိုဆောင်းတွင်းဆိုလျှင် တောင်တက်သူတို့ နှင့် အများစားကြီးမဟုတ်သော်လည်း ၊စည်တော့စည်ကားလှပေသည်။ တောင်ထိပ်ပေါ်တွင်တော့ များမကြာမီက တည်ထားသော ဘုရားဖြူလေးရှိသည်။ တောင်လေးသည်လည်း အရမ်း မမြင့်ပါချေ။ တောင်၏သုံးပုံတစ်ပုံ အမြင့်လောက်မှာတော့ ဘုန်းကြီးကျောင်းရှိသည်။ ထိုဘုန်းကြီးကျောင်းမှ ဆရာတော်များဦးဆောင်၍ တောင်ထိပ်တွင် စေတီ တည်လိုက်ခြင်းဖြစ်သည်။တောင်ခြေမှ ဘုန်းတော်ကြီးကျောင်းထိတော့ ကျောင်းလှေကား အမိုးလေးနှင့်ရှိသည်။ ပြီးလျှင်တော့ တောင်တက်လမ်းအတိုင်းလမ်းလျှောက်တက်ပေရော့၊ တောင်သည်  အလွန်အမင်း မတ်ဆောက် လှသည် မဟုတ်သောကြောင့် ကားနှင့်ပင် တက်၍ ရပါသည်။ စူးကျယ်အောင် ဤတောင်ထိပ်ပေါ်သို့ အပါကြီး၏ ကားနှင့်တက်ဖူးပါသည် ။စေတီလေးတည်စဉ်ကဖြစ်သည်။ ယခုတော့ အဒီးနှင့် နှစ်ယောက်တည်း။ဘုန်းကြီးကျောင်း ကျော်လွန်လာခဲ့သည် ။ စူးကျယ်အောင် အနည်းငယ် မောဟိုက်လာမိသည်။ စူးကျယ်အောင် အရမ်း အမော မခံနိုင်တာ အပါကြီးသိသဖြင့် မထွက်ခင်ကမှာလိုက်ခြင်းဖြစ်သည်။
"နေဦးကွ၊ ငါ နည်းနည်းမောလာလို့"
"မင်းဟာကလည်း တက်တောင်မတက်ရသေးဘူး၊လာပါဟ"
"မင်းမှ မသိတာ"
"အေးပါကွာ"
စူးကျယ်အောင် ခါးပင်ကုန်းလာသည်။လျှာလဲ ထွက်နေပြီ လက်တစ်ဖက်က ခါးကိုကိုင်လျက်ကုန်းကုန်းကွကွ နှင့် အဒီးကို အမှီ လိုက်နေရသည်။ အဒီးသူ့ကိုတော့ စောင့်ခေါ်ရှာပါသည်။ လမ်းတစ်ဝက်ရောက်တော့ ခန နားဖို့ပြင်ဆင်သည်။တောင်တက်ခရီးလေးမှာ ၄၅မိနစ် တစ်နာရီ ဝန်းကျင်သာ တက်ရပါလိမ့်မည်။ စူးကျယ်အောင်လုပ်ပုံနှင့်ဆိုလျှင်တော့ တစ်နာရီ ဖြစ်တော့မှာပေါ့။
"ကဲဆရာသမား နားလို့ဝစားပြီလား"
"ဟော..ဟဲ.. ငါမရတော့ဘူး ငါတော်တော်မောနေပြီ ၊မင်းဘဲ ဆက်တက်လိုက်တော့ ၊ငါဒီကနေဘဲ အိပ်ပြီးစောင့်နေတော့မယ် မင်းပြန်ဆင်းလာတဲ့ထိ"
"အလား မညယ်၊ မဟုတ်တာတွေ၊လာလာ အားတင်းထားရောက်တော့မယ်"
ဟုဆိုကာ လက်တစ်ဖက်ကို အပေါ်စီးမှ ကမ်းပေးလိုက်သည်။စူးကျယ်အောင်လဲ ဖြစ်ညှစ်အားတင်းကာ ကမ်းလာသည့်လက်ကို ဆွဲမိလိုက်သည်။
"မင်းလက်တွေ အေးနေတာကြီးရော်"
"အေး၊ဟုတ်တယ်၊ ငါမှ အအေးဒဏ်မခံနိုင်တာ"
"ခဏနေအုန်း ကျောပိုးအိတ်ထဲ ငါ လက်အိတ်ထည့်လာမိလားမသိဘူး"
ကျောပိုးအိတ်ထဲမှ အဒီးထည့်လာသော နံနက်စာ ဗူးနှင့်ပလုံး နှင့် နားကြပ်ကြိုးများ ဖုန်းများ ထွက်လာပြီးချိန်တွင်တော့ ကံကောင်းထောက်မစွာ လက်အိတ်တစ်ဖက် ထွက်လာခဲ့ပါသည်။ ဟင်း.....တစ်စုံလဲ မဟုတ်ဘူး။
"တစ်ဖက်ပဲ ပါတယ်ကွ၊ရော့ တစ်ဖက်ဘဲ ဝတ်ထားလိုက်"
"ဟင်း မင့် ဟာကလည်း တစ်စုံလဲ မဟုတ်၊ဘယ်လိုတစ်ဖက်ကြီးတုန်းဟ"
"လျှာမရှည်ပါနဲ့ကွာ ဝတ်ထားလိုက်စမ်းပါ"
စူးကျယ်အောင် ဘယ်ဖက်လက်ပေါ်သို့ ထိုလက်အိတ်တစ်ဖက်ဝတ်လိုက်သည်။ အဒီးတော့ သူ့ပစ္စည်းတွေ ပြန်ထည့်နေသည်။ထို့နောက် ရုတ်တရက် စူးကျယ်အောင်၏ ညာဖက်လက်အား ဆက်ခနဲ ဆွဲဖမ်းလိုက်ကာ
"လာသွားမယ်"ဟုဆိုကာ ခရီးဆက်လေတော့သည်။
စူးကျယ်အောင်တစ်ယောက် ပြူးကြောင်ကြောင် နှင့်ဖြစ်နေသည်။အဒီးနောက်မှ လက်ချင်းတန်းလန်းဆက်လျက် ပါသွားလေသည်။
"မင်းလက်တွေအေးနေမှာစိုးလို့ပါကွာ၊တော်ကြာ နေမကောင်းဖြစ်ရင် အပါကြီးငါ့ကိုဆူနေအုန်းမယ်"
အော် ကောင်းလိုက်တဲ့ လက်အိတ်တစ်စုံပါလားနော်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now