"ဆရာ နောက်နေ့စောစောလာနော်"
"အေးပါ"
"ဟေ့ကောင်၊ ဘာစောစောလာလဲ"
"ဆရာ၊ နေအုန်း၊ ထမင်းကျက်တော့မယ်လို့၊ အိုအိုး ဒီဆရာ ဘယ်လိုဖြစ်နေလဲ အတင်းတွေပြန်ချင်တာ"
ပြန်ဖို့ပြင်နေသော စူးကျယ်အောင်အား နောက်ဖေးမီးဖိုမှ အစ်မက အော်ပြောလိုက်ခြင်းဖြစ်သည်။ အိမ်ဝင်ပေါက် ဖိနပ်ချွတ်သည့်နားတွင် ပြက္ခဒိန်ရှိသည်။ လှမ်းကြည့်လိုက်တော့ ဖေဖော်ဝါရီ ၁၄ရက်နေ့ဖြစ်သည်။ အော် ချစ်သူများနေ့ပေကိုး။ချစ်သူက မရှိတာလား ရှိတာလား သေချာတော့မသိပေမယ့် သူများတကာတွေလို အထိမ်းအမှတ်တစ်ခုအနေနှင့်အထူးတလည် မဖြန်သန်းချင်တာတော့အမှန်ပါ။ မွေးနေ့တောင် တစ်ခါမျှ အထူးတလည် ကျင်းပမနေခဲ့ပါ။ အစ်ကိုမှ ထုံးစံအတိုင်း နောက်မှ လိုက်ပါ ဆင်းခဲ့သည်။ ပြန်ခါနီးတိုင်း အစ်ကိုမှ အတူလိုက်ပါ ၍ စျေးထဲ မုန့်အတူစားရသည့်အခါမျိုးတွင် သူအမှန်တကယ်ပျော်မိပါသည်။ အစ်ကိုမှ သုံးလေးရက်လောက် အေးစက်နေသည့် အခါမှာတော့အထီးကျန်တာလိုလို ဝမ်းနည်းတာလိုလို အစ်ကို့ကိုမျှော်ရတာ ပင်ပန်းတာလိုလို အစ်ကိုနှင့်ပတ်သတ်ရသည်မှာ ပင်ပန်းသည်ဟုထင်ကာ အစ်ကို့ကို အဆက်သွယ်ဖြတ်ချင်တာလိုလို စသည် စသည် အတွေးပေါင်းစုံနှင့်ပြည့်နှက်နေပါသည်။ ဟော ခုလို အစ်ကိုမှ ဘာမှအထူးတလည်လုပ်ပေးစရာမလိုဘဲ ပြန်ခါနီးတိုင်း စျေးထိပ်ထိလိုက်ပို့ပြီး မုန့်လေး စားပေးလိုပ်ရုံနှင့် ထောပတ်တုံး ဒယ်ပူပေါ် တင်လိုက်သလို အရည်တို့ တစ်ခဏအတွင်းပျော်သွားရသည်ချည်းသာ။မြေညီထပ် ရေမော်တာစက်တို့ထားသော လှေကားအောက်တွင် အလှပန်းပင်အချို့ကိုတွေ့ရသည်။"ဒီနေရာမှာ ဒါတွေ ဘယ်သူက လာစိုက်ထားတာလဲ နေရာမဟုတ် ဘာမဟုတ်"
"ဟ အဲ့တာ ငါတို့အပင်ကွ ၊ ဟိုဘက်ကမ်းကို မနက်ဖန် သယ်သွားဖို့ ၊ ငါက ဒီမှာမထားလို့ အိမ်ပေါ်တင်ထားရမှာလား"
"အော် ဦးလေးကလဲ ကျွန်တော်က ဘယ်လို့သိရမှာလဲ အဲ့အပင်တွေမှာ ဦးလေးနာမည်ကပ်ထားတာမှ မဟုတ်တာ"
"အေး အဲ့မှာ မျက်ခွက်ပြောက်နေလိုက်"
စပ်ဖြီးဖြီး ပြုံးလိုက်သည်။
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။