မနေ့က အစ်ကို့ကို ကျေးဇူးတင်ကြောင်းတောင်မပြောလိုက်မိဘူး။ ဒီတစ်ခါတော့ သေချာပြောရမယ်။ပြီးတော့ ညကလဲ ဒိုင်ယာရီထဲမှာ အစ်ကိုနဲ့စတင်ပြီး ရင်းနှီးတယ်လိုါခံစားမိတဲ့အကြောင်း ရေးခဲ့သေးတယ် ။ အဲ့စာကို ပြန်ဖတ်နေတာဘဲ ဘယ်နှစ်ခေါက်ရှိနေပြီ မသိတော့ပြီ။ ဖတ်တိုင်းလဲ ကြည်နူးရပါတယ်။
ပထမတစ်ဖြတ် စာမေးပွဲပြီးတော့မယ်ဆိုတော့ စူးကျယ်အောင်လဲ နမ္မတီးခဏပြန်ဖို့ပြင်ဆင်ရသည်။ အစ်ကိုနဲ့ တွေ့တာ ၅လနီးပါးဆိုပေမယ့် ကျောင်းမှာဘဲ တွေ့တာ များပါသည်။ ဖြစ်နိုင်ရင် သီးသန့်လေး နှစ်ယောက်တည်း တွေ့ချင်မိပါတယ် အစ်ကိုရယ်။
_______________________
"မင်း ဘယ်နေ့ပြန်မှာလဲ"
"လာမယ့် အင်္ဂါနေ့ဆို ပြီးပြီ၊ကြာသာပတေးနေ့လောက်ဖြစ်မယ်"
"အတူပြန်မလား"
"အော့် ပြန်လေ ၊ ရတာဘဲ"
"အဲ့တာဆို မင်း ရန်ကုန်ကနေ မန်းလေး(မန္တလေး) ကို ကားနဲ့လာခဲ့လေ ၊ဒီရောက်ရင် ငါနဲ့အတူ ပြန်မယ်လေနော့်"
"အော့်၊ ရထားနဲ့ ပြန်မလားဟေ့၊ ငါ ရထားမစီးရတာ အတော်ကြာပြီရော်"
"အင်းကောင်းတယ်ကောင်းတယ်၊ ငါလဲ ရထားစီးချင်တာ ဟုတ်တယ်"စူးကျယ်အောင်နှင့် အဒီးတို့ဖုန်းပြောနေသည်။ စူးကျယ်အောင်၏အခန်းဖော်ကတော့ အထုပ်တွေ သိမ်းဆည်း ပြင်ဆင်နေသည်။ သူက တောင်ဥက္ကလာသား၊ ကျောင်းနဲ့အိမ်အသွားပြန် မလုပ်ချင်လို့သာ ကျောင်းမှ စီစဉ်ပေးသော အခန်းတွင်လာနေခြင်းဖြစ်သည်၊ ကျောင်းတစ်လ ပိတ်တော့ အကုန် အိမ်ပြန်ကြသည်။ ရန်ကုန် ထဲက ကျောင်းသားတွေကတော့ ရွှတ်ခနဲ ထပြန်လို့ရတာပေါ့။ နယ်က ကျောင်းသားတွေကတော့ အေးရာအေးကြောင်းပေါ့။
"စူးကျယ်အောင်၊ ဘယ်နေ့ပြန်မလဲ"
"အင်း၊ ကြာသာပတေးနေ့ ပြန်မလားလို့ပါ့"
"ပြန်လာရင် လက်ဆောင်ဝယ်ခဲ့နော်"
"အော့် ဝယ်ခဲ့ရမှာပါ့အေ့၊"
"ငါ့တော့ ငါကောင်ကြီးကိုသတိရနေတော့မှာဘဲ၊ မင်းဟိုနေ့က ကောက်မလေးနဲ့ချိန်းတွေ့ပြီးပြန်လာတာလား"
စူးကျယ်အောင် မျက်နှာ ပူခနဲ ခံစားလိုက်ရသည်။"ဟင် မဟုတ်ပါဘူး၊ ဘာလို့လဲ"
"မင်းအဲ့နေ့က အရမ်းကြည်နူးနေတဲ့ရုပ်ကြီးနဲ့"
"အော် ၊မဟုတ်ပါဘူးရယ်၊ ဒီလိုပါဘဲ"
"အချင်းချင်းတွေကွာ လျှိုမနေစမ်းပါနဲ့ ကချင်ကြီးရာ"
သူ ပြုံးဘဲ ပြန်ပြုံးပြမိသည်။ တကယ်ဘဲ အဲ့နေ့က သူ့မျက်နှာ မှိုရသလို ဖြစ်နေလေတော့ ဘေးလူတောင် မပြောဘဲ သိနေပါရောလား။ အလား——ရှက်တာကြီးရော်ဟေ့။
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။