"ရှီးပါ့အေ့ မင်းတို့နှစ်ကောင်က သေချာပြီလားအေ့"
"အာ အက်ခေါင်ကလဲသေချာပါပြီဆို"
"ဦးကျော်ရေ ဦးကျော်သားက မနိုင်ဘူး"
အဒီးတို့အိမ်တွင် အဒီးမိသားစုနှင့် စူးကျယ်အောင်တို့ ဆေံးနွှေးနေကြခြင်းဖြစ်သည်။စူးကျယ်အောင်မှ ကျောင်းဆက်မတက်တော့ဘူး ဟူသော တင်ပြချက်ကို ဆွေးနွှေးနေကြခြင်းဖြစ်သည်။ သူသေချာစဉ်းစားပြီးပါပြီ။ဒီကျောင်းဆက်တက်လို့ ကျောင်းပြီးပြီ ဆိုရင်တောင် နိုင်ငံခြားမှာ နောက်ဆုံးတစ်နှစ်သွားတက်ရမည်။ပြီးတော့ ဒီကျောင်းက ပုံမှန် ပြည်ပကတက္ကသိုလ်သာ ဖြစ်သဖြင့် အလုပ်ဝင်လျှင်လဲ ဗမာပြည်မှာတော့ မျက်နှာပန်းသာပေမယ့် နိုင်ငံခြားမှာ ဒီဘွဲ့နှငိ့ အလုပ်ရဖို့တော့မလွယ်ကူလှ။ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဗမာပြည်မှာဘဲ လစာနှစ်ပဲခြောက်ပြားနှင့်အလုပ်လုပ်တော့မည်နည်း။ အဒီးလိုကျောင်းထွက်ပြီး ကိုယ်ပိုင်စီးပွါးရေးလေး လုပ်တာကမှ ဟုတ်တုတ်တုတ်။
"အဲ့တာဆို မင်းက ဘာလုပ်စားဖို့စိတ်ကူးထားလဲ"
"စျေးရောင်းစားမှာပေါ့ အပါကြီးရဲ့၊ မန္တလေးမှာ ဖြစ်ဖြစ်အထည်ဆိုင်ဖွင့်စားမယ်""အောင်မလေး ကိုယ်တော်ချော၊ သူ့အတွေးနဲ့ သူ့အစီစဉ်ကတော့ဟြတ်နေတာဘဲ၊ မင့် ဘယ်သူက အရင်းနှီးပေးမှာတုန်း"
"ဟာ သားမှာ အပါကြီးတစ်ယောက်တည်းရှိတာ၊ အပါကြီးမပေးလို့ သားက ဘယ်သူ့ဆီကသွားတောင်းရမှာလဲ ဖခမည်းတော်ရဲ့"
"အေးအေး၊မွေးရကျိုးနပ်တဲ့ ခွေးမသားလေး"
အပါကြီးမှ ချစ်စနိုးလေးနှင့် ဆဲသည်။"ခွေးမသားလေးကို မွေးအောင်လုပ်တုန်းကတော့ပျော်တယ်မလား"
"ဒီကောင်လေ၊ပြောင်ချော်ချော်နဲ့"
အကုန်လုံးထရယ်ကြသည်။
"မင်းက သေချာပြီလား"
အဒီးမှ ထပ်မေးပြန်သည်။
"အေ့"
အဖြေက တိုတုတ်ရှင်းဖြစ်သည်။_____________________________
ရန်ကုန်မှာ စူးကျယ်အောင် ပစ္စည်းများသွားသိမ်းရန် ပြင်ဆင်နေကြသည်။
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။