4

2.9K 287 12
                                    

(ZAWGYI VERSION)

ရှောင်းကျန့်က club အတွင်းပိုင်းမှ အခန်းတစ်ခန်းကို ငှားကာ ဝမ်ရိပေါ်နှင့်အတူဝင်လာသည်။ ဝမ်ရိပေါ်ကလည်းမငြင်း။ မျက်နှာသေနှင့်ရှောင်းကျန့်ခေါ်ရာကို လိုက်လာ၏။

အခန်းထဲသို့ရောက်သော် စားပွဲဝိုင်းများနှင့် မီးအလင်းရောင် အနည်းငယ်ကို မြင်လိုက်ရသည်။တကယ်တမ်း ဝမ်ရိပေါ် ဒီclub ကို ရောက်တာ သိပ်မကြာသေးပေ။ ယခုအခေါက်နှင့်မှ ၃ခေါက်သာ ရောက်ဖူးသေးသည်။

တခြားသော club များအား သွားရသည်မှာ ရိုးသွားပြီဖြစ်၍ ယခု club ကို ရောက်လာခြင်းဖြစ်၏။ယခုလို ရှောင်းကျန့်နှင့် တဲ့တိုးတွေ့ရမည်ဟု ထင်မထားပေ။အခန်းထဲသို့ ဝေ့ဝိုင်ကြည့်ပြီးနောက် ရှောင်းကျန့်က မိုက်တစ်ခုကို သွားယူလေသည်။ထို့နောက် မိုက်ကို သေချာစမ်းကြည့်ပြီး ချောင်းကိုလည်း ဟန့်နေသေးသည်။

ဝမ်ရိပေါ်က နားမလည်ဖြစ်သွားကာ

"အဲ့တာဘာလဲ?"

ရှောင်းကျန့်က မိုက်ကို ဟန်ပါပါကိုင်ရင်း

"မိုက်လေ"

"မိုက်က သိတယ် ၊ မင်းက ဘာလုပ်မလို့လဲမေးတာ"

"သြော် သခင်လေးက သိပ်နောက်တာပဲ ၊ မိုက်ပါဆို သီချင်းဆိုမလို့ပေါ့"

ဝမ်ရိပေါ်က မျက်မှောင်ကြုတ်ကာ အခန်းကို တစ်ဖန်ဝေ့ကြည့်လိုက်သည်။ထိုအခါမှ သဘောပေါက်သွားတော့၏။ မသိလျှင် ကာရာအိုကေဆိုင်မှ အခန်းနှင့် ထူးမခြားနား။ထိုသို့သာဖြစ်နေသည်။တစ်ခါမှ ယခုကဲ့သို့ ကာရာအိုကေခန်းကို မရောက်ဖူးသေးသော ဝမ်ရိပေါ်အတွက် အနည်းငယ် ထူးဆန်းရသည်။

Club တွင်လည်း ယခုကဲ့သို့ ကာရာအိုကေ ခန်းရှိတာပဲလား ?

သူလျောက်ကြည့်နေဆဲ ရှောင်းကျန့်တစ်ယောက်ဖြင့် သီချင်းတောင်ရွေးပြီးနေပြီဖြစ်သည်။သူက ဝမ်ရိပေါ်ကိုကြည့်ကာ ပြုံးစိစိဖြင့်

"ထိုင်လေ ဘာလို့မတ်တတ်ရပ်နေတာလဲ"

"ငါပြန်မယ်"

"အိုက်ယိုး ဝမ်ရိပေါ်က ရက်စက်လိုက်တာ ၊ မင်းပြန်တော့ ငါကဘယ်လိုလုပ်မလဲ"

MAINWhere stories live. Discover now