(ZAWGYI VERSION)
ညဈေးတန်းက လူစည်လှသည်။ရောင်းချနေသော လူများကလည်း တက်တက်ကြွကြွ ပြောဆိုနေကြပြီး လာရောက်စားသောကထသူများကလည်း မနည်း။
သို့သော် လူတော့သိပ်မကြပ်လှ။ လင်းထိန်းနေသော လျောက်လမ်းတစ်လျောက်မှ ဆိုင်ခန်းများကို ကြည့်ကာ ဝမ်ရိပေါ် စိတ်ထဲ အနည်းငယ် ကြည်လင်ပေါ့ပါးသွားသည်။
ပျော်ရွှင်စွာ လည်ပတ်နေသော လူများကိုကြည့်ရင်း သူလည်း စိတ်ထဲ ပျော်လာသလိုခံစားရသည်။ ရွှေဇွန်းကိုက် မွေးဖွားလာသော ဝမ်ရိပေါ်အတွက် ယခုကဲ့သို့ ဈေးတန်းကို တစ်ခါမှမရောက်ဖူးသေး။
လာကြည့်ရန်လည်း စိတ်ကူးမရှိ။ သို့သော် ရှောင်းကျန့်ကတော့ ထိုသို့မဟုတ်။ ညဈေးတန်းအား ခဏခဏရောက်ဖူးပုံရသည်။
သွားလာနေလိုက်တာများ သူပါ ဝင်ရောင်းတော့မဲ့အတိုင်း။ ထို့နောက်တွင် ရှောင်းကျန့်က လမ်းဘေးဆိုင်လေးတစ်ဆိုင်ကို ရွေးကာ ဝမ်ရိပေါ်ကို ခေါ်လေ၏။
ဆိုင်ထဲရောက်သော် သူလှည့်ပတ်ကြည့်မိသည်။ဆိုင်အပြင်အဆင်က သိပ်မဆိုးလှပါ။မီးကိုလည်း လင်းထိန်နေအောင် ထွန်းထားကာ ဆိုင်ရှင်အဒေါ်ကြီးကလည်း တက်တက်ကြွကြွရှိသည်။
သို့သော် စားပွဲပေါ်က ခွက်တွေကလည်း သန့်မသန့်သူမသိ။
သူ၏ အမူအရာကို သိသော ရှောင်းကျန့်က စားပွဲပေါ်က ရေခွက်ကို မော့သောက်ရင်း
"စိတ်ထဲ လျောက်တွေးမနေနဲ့ ၊ ဆိုင်က သန့်တယ်"
"သန့်တယ်? သေချာလား ?"
"သန့်လို့ ငါလာစားတာပေါ့ ၊ မသန့်ရင် လာမလား "
ရှောင်းကျန့်က မျက်နှာကို မဲ့ရင်း ဆိုလေသည်။
"မင်းထက် ငါက ပိုပြီးတောင်အသန့်ကြိုက်သေးတယ်"
ဝမ်ရိပေါ်က ဆက်မပြောဘဲ တိတ်ဆိတ်နေကာ အပြင်ဘက်သို့ ငေးမောနေလိုက်သည်။ထို့နောက်တွင် ဆိုင်ရှင်အဒေါ်ကြီးက ရှောင်းကျန့်မှာပေးထားသော ပင်လယ်စာ ခေါက်ဆွဲနှစ်ပွဲကို လာရောက်ချပေးလေသည်။
ခေါက်ဆွဲ၏ အရောင်အဆင်းမှာ အလွန်ကောင်းလှပြီး အနံ့အသက်ကလည်း မွှေးလွန်းသည်။အရသာရှိမည့် ခေါက်ဆွဲကြောင့် ဝမ်ရိပေါ်လည်း ချက်ချင်း စားကြည့်လိုက်တော့သည်။