10

2.3K 267 31
                                    

(ZAWGYI VERSION)
  
စာမေးပွဲအတွက် ရှောင်းကျန့် အကောင်းဆုံးပြင်ဆင်ခဲ့သည်။အောင်တာ မအောင်တာက စာစစ်သည့်ဆရာမတွေအလုပ်။ ရှောင်းကျန့်အလုပ်က ဖြေရုံပဲ။

သို့သော် ပေါ့ပေါ့တန်တန်တော့ ရှောင်းကျန့်သဘောမထားပါ။ တတ်နိုင်သလောက်ကို သူကြိုးစားဖြေခဲ့သည်။

ထို့နည်းတူ ဝမ်ရိပေါ်ကလည်း စာကိုကြိုးစားသည်။အရင်တုန်းကတည်းက စာကိုသေချာကြည့်လာခဲ့သည်မို့ စာမေးပွဲက တအားမခက်ခဲ။

Wang Group ကို ဆက်ခံမည့် ဝမ်သခင်လေးက စာကြိုးစားနေသည်မှာ ရှောင်းကျန့်အား ဇာတ်လမ်းတစ်ပုဒ်နှယ်ဖြစ်စေသည်။

သူ၏ မိခင်ဖြစ်သူ ချန်ဇီကလည်း ဒီတိုင်းလွှတ်ပေးထာလိမ့်မည်မဟုတ်။ လက်ရှိ တစ်ဦးတည်းသောသား ဝမ်ရိပေါ်ကို ဖြိုချပြီး အမွေအားလုံးကို ရယူရန် အစီအစဉ်ဆွဲနေလောက်သည်။

ထို့ကြောင့် ဖြစ်ပျက်လာမည့် ဝမ်ရိပေါ်တို့မိသားစု အမွေဆိုင်ကိစ္စက ရှောင်းကျန့်အား စိတ်ဝင်စားစေသလို အပျင်းလည်း ပြေစေ၏။

စာမေးပွဲဖြေပြီးသည့်နောက် ရှောင်းကျန့်မှာ အပြင်ကို ခဏခဏထွက်ဖြစ်သည်။ဝမ်ရိပေါ်ကို ခေါ်ပေမဲ့လည်း ထိုသခင်လေးက မလိုက် ။ အိမ်တွင်းအောင်းနေသည့် ဝမ်ရိပေါ်က ရှောင်းကျန့်ခေါ်သည်ကိုပင် မလိုက်တာ တော်တော်လေး ကြာပြီဖြစ်သည်။

ယနေ့လည်း ရှောင်းကျန့် သွားနေကျ Club သို့ ခြေဦးတည်လိုက်သည်။ အဝတ်အစားလဲပြီးသည်နှင့် ရှောင်းကျန့်က စားပွဲပေါ် တင်ထားသော ဖုန်းကိုကိုင်ကာ ဝမ်ရိပေါ်ဆီသို့ ဖုန်းဆက်လိုက်သည်။

ထို့နောက်တွင် တစ်ဖက်မှ လေးပင်နေသောအသံကို ရှောင်းကျန့်ကြားလိုက်ရသည်။

"ဘာကိစ္စလဲ?"

ရှောင်းကျန့်က မှန်ရှေ့မှရပ်ရင်း အဝတ်အစားကို သေချာကြည့်ကာ

"ငါအပြင်သွားလို့"

"သွားပေါ့"

"မင်းကိုခေါ်နေတာ ခွေးကောင် "

"မလိုက်ဘူး"

ဝမ်ရိပေါ်က ထုံးစံအတိုင်း ငြင်းသည်။ငြင်းနေကျဖြစ်သည်မို့ ရှောင်းကျန့်အတွက် အထူးအဆန်းမဖြစ်မိ။

MAINWhere stories live. Discover now