(ZAWGYI VERSION)
MAIN 21 -2/11/2022-
"ချီးပဲဟေ့ ဒါကရောထပ်ပြီးတော့လား!"
ထုံးစံအတိုင်း မြောက်များစွာသော ရုပ်တုများကြောင့် ရှောင်းကျန့်မှာစိတ်ညစ်သွားပြီး မျက်မှောင်ကြုတ်လိုက်တော့သည်။ သို့သော်လည်း ယခုကမူ စစ်သားရုပ်တုတွေချည်းမဟုတ်ဘဲ မြင်းလှည်းများ၊မြင်းများ ၊ ထို့အပြင် အမျိုးသမီးများ၏ ရုပ်တုများကြောင့် ပိုလို့စိတ်ညစ်သွားတော့၏။
"ချင်ရွှီးဟွမ်က ဘာတွေလုပ်ခဲ့တာလဲ ၊ သူဘာဖြစ်ချင်ခဲ့တာလဲ"
"သတိထား ၊ ဒီအထဲမှာ မာကျူရီအဆိပ်တွေရှိရင် ဒုက္ခရောက်လိမ့်မယ်"
"မာကျူရီ ! တကယ်ရော ရှိလို့လား?"
"ဒါကတော့ တရုတ်အစိုးရရဲ့ ထင်မြင်ချက်ပေါ့၊သူတို့မဝင်တာတောင် မာကျူရီကြောင့်ပဲလေ"
ဝမ်ရိပေါ်ကပြောရင်းနှင့်ရုပ်တုများကို ဓာတ်မီးဖြင့်အသေအချာလိုက်ထိုးကြည့်ပြီး မူမမှန်တာကို စေ့စေ့စပ်စပ်ရှာသည်။ ထုလုပ်ထားသော ရွှံ့စေးရုပ်တုချင်းတူညီသော်လည်း ရုပ်တုတစ်ရုပ်နှင့်တစ်ရုပ်က ပုံစံချင်းမတူသလို မျက်နှာအသွင်အပြင်ကလည်းမတူ။ မျက်မှောင်ကြုတ်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်း တန်းစီလျက်ရှိသော စစ်သားရုပ်တုတို့သာ ရှိသည်မို့ဝမ်ရိပေါ်က ဇဝေဇဝါဖြစ်သွားတော့သည်။မြေပုံကိုထုတ်ကြည့်လိုက်တော့လည်း ယခုနေရာကိုပြထားပြီး ရှေ့တည့်တည့်ဆက်သွားရန်လမ်းကြောင်းပြထားပေမဲ့လည်း သေချာတွေးကြည့်တော့ ကြီးမားသော အန္တရာယ်များရှိနေမလား သတိထားသေး၏။
"ရှေ့တည့်တည့်ကို ဆက်သွားဖို့ပြထားတယ် ဘယ်လိုလဲ"
ပါလာသောဓာတ်မီးဖြင့် ရှေ့တည့်တည့်ကိုထိုးကြည့်သော်လည်း ဘယ်လောက်တောင် မဲမှောင်ကာ ကျယ်ဝန်းနေသလဲ သူမသိ။ ကောင်းကင်ကို ဓာတ်မီးဖြင့်ထိုးသလိုဖြစ်နေကာ အလင်းရောင်က အနီးပတ်ဝန်းကျင်လောက်သာ မီးမောင်းထိုးပြနိင်ပြီး အဝေးကိုတော့ မရ။
" ဓာတ်မီးတောင်မထိုးနိုင်ဘူးဆိုတော့ ဘယ်လောက်တောင်ကြီးမားနေတာလဲ ရိပေါ် မင်းဘယ်လိုထင်လဲ?"