20

1.9K 186 19
                                    

(ZAWGYI VERSION)
  
MAIN 20 -1/11/2022-

ရှေ့တည့်တည့်တွင်မြင်နေရသော မြင်ကွင်းက ရှောင်းကျန့်ကို ဆွံ့အစေသလို မျက်လုံးအစုံကိုလည်း ပြူးကျယ်သွားစေတော့သည်။များစွာသော ရွှံ့စေးရုပ်တုများက ကစားခုံပေါ်က စစ်တုရင်အရုပ်တွေလို ညီညီညာညာရှိနေပြီ အတန်းလိုက် အလျားကလည်း နည်းတာမဟုတ်သလိုအရေအတွက်ကလည်းနည်းနည်းနောနောမဟုတ်။

"ဘုရားရေ ၊ ငါတို့ရှေ့ဆက်ရမဲ့အတော်လေးစိတ်ဝင်စားစရာကောင်းနေတယ်လို့မထင်ဘူးလား"

"မင်းပဲထင်လိုက်"

ပက်ခနဲ့ပြန်ပြောလာတဲ့ဝမ်ရိပေါ်က ရှေ့ဆက်သွားဖို့အတွက် နည်းလမ်းစဉ်းစားနေသလို ဘေးနားကရှောင်းကျန့်ကတော့ ရှေ့တစ်လှမ်ချင်းတိုးလို့ ရုပ်တုတွေကို အနီးကပ်ကြည့်လေသည်။

"ကြည့်ရတာ ဒီဂူဗိမာန်ကို မဖောက်ရသေးဘူးဆိုတော့ ဒီရုပ်တုတွေကိုလဲ သူတို့ရှာမတွေ့သေးဘူးပေါ့ ၊ အင်း ဒီလောက်များပြားတဲ့ရုပ်တုတွေကို သူနဲ့အတူမြုပ်နှံစေတယ်ဆိုတော့ ချင်ရွှီဟွမ်က တော်တော်လေးကို အာဏာမက်သလို စည်းစိမ်လည်းကြိုက်ပုံရတယ်နော်"

ကျုံးခေတ်မတိုင်ခင်ကတည်းက တရုတ်ပြည်ကြီးတွင်ကျွန်စနစ် အလွန်ထွန်းကားလာပြီးအရာရှိကြီးများ၊ဘုရင်များ သေဆုံးတဲ့အခါမှာ သူတို့အတွက် ကျွန်၊စည်းစိမ်တွေကိုပါထည့်သွင်းမြုပ်နှံလေ့ရှိပြီး တချို့သည်အချစ်ဆုံးဇနီးမယား၊သားသမီးတွေကိုပါ အရှင်လက်လက်မြုပ်နှံပစ်ကြသည်။

ထိုခေတ်က သေဆုံးခြင်းဆိုသည်မှာခန္ဓာကိုယ်ပျက်စီးခြင်းသာဖြစ်ပြီး ဝိဉာဉ်က မပျက်စီးဘဲ ဆက်လက်ရှိနေနိုင်သောကြောင့် ထိုနာမ်လောကတွင် ချမ်းချမ်းသာသာနေနိုင်ရန်စည်းစိမ်ရတာများကိုပါ ထည့်သွင်းမြုပ်နှံ့သည့်အပြင် အလုပ်အကျွေးပြုရင် ကျွန်များကိုပါ မြုပ်နှံ့ခြင်းဖြစ်၏။

သို့သော်လည်း နောက်ပိုင်းမှာတော့ ထိုယူဆချက်က လုံးဝပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ လူအစား ရုပ်တုများကိုသာအသုံးပြုလာကြတော့သည့်အနက် ရွှံ့စေးစစ်သားရုပ်တုများစွာကိုသူနှင့်အတူ မြုပ်နှံခဲ့သော ချင်ရွှီးဟွမ်က နာမည်အကြီးဆုံးဖြစ်ခဲ့သည်။

MAINWhere stories live. Discover now