ZAWGYI VERSION
MAIN 22 -3/11/2022-
"မဖြစ်နိုင်တာ ! ရှင်တို့လိမ်နေတာ ! မဟုတ်ဘူး ရှောင်းကျန့်က ရှင်တို့ကို လိမ်ခိုင်းထားတာမလား?"
မေးမြန်းခန်းထဲက ဝိန့်ဖုခိုင်က ဒေါသတကြီးအော်ဟစ်ပြီး သောင်းကျန်းနေတာကြောင့် အမှုစစ်က စိတ်ညစ်သွားကာ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချသည်။ သူက လက်ထဲကဘောပင်ကို ကိုင်ထားရင်း မာထန်နေသော သူမ၏ မျက်နှာကိုကြည့်ကာ ထပ်မံရှင်းပြလိုက်တော့၏။
"ဘယ်နှခေါက်ပြောရမှာလဲ?ရှောင်းကျန့်နဲ့ဝမ်ရိပေါ် သူဌေးရှောင်းကျန့်နဲ့ အနုပညာရှင်ဝမ်ရိပေါ်က လွန်ခဲ့တဲ့ရက်ကတည်း ပြင်သစ်ကိုသွားတယ် အဲ့မှာ ဝမ်ရိပေါ်ရဲ့ သူ့အဖေရှိတယ်လေ၊ပြီးတော့ အဲ့မှာ ကားမှောက်သွားပြီး သူတို့နှစ်ယောက်ဆုံးသွားတယ်လို့ပြောနေတာကို ဘာလို့နားမလည်တာလဲ"
"မဖြစ်နိင်တာကို ပြောနေတာကို ရှင်တို့က ဘာကိုကြည့်ပြီးယုံနေကြတာလဲ ၊ သူတို့က ဘယ်လိုကားမှောက်လို့လဲ ဟမ်!"
" ကားက တောင်တက်လမ်းမှာမှောက်ပြီး မီးလောင်သွားတယ် ၊ လူပြတ်တဲ့နေရာမှဖြစ်တော့ ဘယ်သူမကယ်နိုင်သလို သတိလဲမထားနိုင်ဘူး ၊ အတော်လေးကံဆိုးတယ်လို့ပြောရမလားပဲ ကားက မီးလောင်ပြီးတော်တော်ကြာတော့ ချောက်ကမ်းပါးထဲကို ကျသွားတာ အလောင်းတွေကိုတောင် တစ်ညလောက်ရှာပြီးနောက်တစ်နေ့မနက်ကမှတွေ့တာ သိပြီလား"
အမှုစစ်၏ စကားကြောင့် ဝိန့်ဖုခိုင်မှု မခံမရပ်နိုင်ဖြစ်ကာ ဒေါသများထွက်လာပြီးအသံများပင်တုန်လာတော့၏။
"အရူးချီးပန်းစကားတွေပြောမနေနဲ့ ! အဲ့၂ကောင်က ငါနဲ့အတူ ဂူထဲဝင်လာတာခဲ့တာ သူတို့ကိုငါကိုယ်တိုင်တုတ်နဲ့ရိုက်ပြီး ထားခဲ့တာ ရှင်တို့မသိဘူးလား! အဲ့ဒီထဲမှာဘာတွေရှိတာလဲရော ရှင်တို့သိလား! ဟမ် !"
"စိတ်အေးအေးထားပါဗျာ ၊ ကျွန်တော်ဘယ်လိုဆက်ရှင်းပြရမှာလဲ"
"မရဘူး! ရှင်တို့အားလုံးအရူးပဲ ! ရှင်တို့အားလုံးက ရှောင်းကျန့်အရူးလုပ်တာကိုခံနေတာ သိလား! သူတကယ်မသေးဘူး သူအသက်ရှင်နေတုန်းပဲ"
