(ZAWGYI VERSION)
MAIN 15 -26/10/2022-
"အဲ့ဒီအဖိုးပေးခဲ့တဲ့ပစ္စည်းပဲ။မင်းဘာမင်းကြည့်ကြည့်လိုက် ဘာလဲဆိုတာ"
စားပွဲပေါ်တင်ထားသည့် အကြည်ရောင်ပုလင်းလေးက အနည်းငယ်တော့ညစ်နေပြီးတောက်တောက်ပြောင်ပြောင်မဟုတ်တော့သည့်အပြင် ဗူးအစို့လေးကိုဖွင့်လို့အထဲကစာလိပ်လေးကိုထုတ်လိုက်တော့ ဝါကျင့်ကျင့်နှင့်ညစ်နွမ်းနေသော စာလိပ်အသေးလေးကထွက်လာသည်။
ဝမ်ရိပေါ်က ပုလင်းကိုတင်လို့စာလိပ်လေးကိုဖွင့်ကြည့်လိုက်တော့ စာရွက်က လေးထောင့်ပုံသဏ္ဍာန်တောင်မဟုတ်တော့ဘဲ ဘေးဘက်က ဆွဲဖြဲထားသလို မညီမညာဖြစ်နေပြီး ပြဲနေတာကိုမြင်လိုက်ရတာမို့ မျက်မှောင်ကလည်း ကြုတ်ပြီးသားဖြစ်နေတော့၏။
"စာရွက်ကအပြဲကြီး"
"အထဲမှာ ဘာတွေတယ်လို့ထင်လဲ?"
"ငါ့စိတ်ထင် မြေပုံနဲ့တူနေသလိုပဲ"
ဝမ်ရိပေါ်က စာရွက်ကို စေ့စေ့စပ်စပ်ကြည့်လို့ဆိုလာတော့ ရှောင်းကျန့်က ခေါင်းညိတ်ရင်း ပုလင်းလေးကိုကိုင်ကာ ပွတ်သပ်နေသည်။
"တူတာမဟုတ်ဘူး အဲ့ဒီစာရွက်ကမြေပုံဆိုတာ သေချာတယ်၊အဲ့တုန်းကအကြောင်းကိုသေချာပြန်တွေးကြည့်တော့ အဖိုးကို စစတွေ့တုန်းက ငါအိမ်ထိလိုက်ပို့ ပေးတော့သူ့အခန်းထဲကိုခေါ်သေးတယ်။အဲ့တုန်းကတည်းက အဖိုးက စာရွက်ကိုငါ့ကိုပြတယ်။မြေပုံလားဆိုတော့ဟုတ်တယ်ပြောပေမဲ့ ဘာမြေပုံလဲဆိုတာတော့ သူမပြောဘူး။ အဲ့တုန်းကတည်းက ငါဒီစာရွက်ကိုမြင်ဖူးခဲ့တာ ဒါပေမဲ့အရေးမကြီးတဲ့ကိစ္စမို့ မေ့ပစ်လိုက်တာပဲ။ငါ့အာရုံထဲမှာ အဲ့ဒီကိစ္စတွေကို အသေးစိတ်လဲမှတ်မနေနိင်ဘူး"
"ဒါပေမဲ့ သူကဆုံးခါနီးမှာမင်းကိုသတိရပြီး ဒါကိုပေးခဲ့တယ်ဆိုတော့ ဘာအကြောင်းများရှိလို့လဲ ၊ မင်းရော ဘာထင်လဲ"
"သေချာပေါက်အကြောင်းတစ်ခုခုတော့ရှိရမယ်"
ကိစ္စကတွေးကြည့်လေ အဓိပ္ပါယ်မရှိလေဖြစ်နေသလို အဖြေကိုလည်းရှာမရတာကြောင့်ရှောင်းကျန့်လည်း သက်ပြင်းချပြီး ပုလင်းကိုသာ အံဆွဲထဲပြန်ထည့်လိုက်တော့၏။
