16

1.8K 206 16
                                    

(ZAWGYI VERSION)

MAIN 16 -27/10/2022-

" ယွီကျဲ အားနာပေမဲ့ ကျွန်တော့်ကို ပစ္စည်းလေးတစ်ခုလောက် ဝယ်ခွင့်ပေးလို့ရမလား?"

မျက်လုံးထဲရောက်ရှိလို့လာသည့် ထိုစာရွက်ဟောင်းကိုမျက်စိကျသွားတာမို့ ချက်ချင်းပင် ချန်မေ့ယွီကိုဖုန်းဆက်လိုက်တော့ အနားယူနေပုံရသည့်သူမက ဖုန်းကိုလက်ခံဖြေပေးလာသည်။ စကားပုလ္လင်မခံတတ်သည့် ဝမ်ရိပေါ်က  အဓိက အကြောင်းအရာကို ပြောလိုက်တော့တစ်ဖက်က ချန်မေ့ယွီက မောပန်းသောအသံဖြင့်ခပ်ဟဟရယ်သံကြောင့် အားကစားလုပ်နေရင်းတန်းလန်းဆိုတာကို သဘောပေါက်လိုက်သည်။

"ရောက်နေပြီလား ဝမ်ရိပေါ်က?"

"ကျွန်တော်အခု ပြတိုက်လေးထဲမှာ"

"ဝမ်ရိပေါ်တို့ကတော့တက်ကြွနေတာပါပဲ။အခုကြိုက်တာကိုထပ်တွေ့လို့လား?"

သူမဘက်က ခပ်ဟဟရယ်သံကို သူလည်းရယ်လျက်သာတုန့်ပြန်ရင်း မျက်လုံးကလည်း ထိုစာရွက်ဆီသို့သာရောက်နေတော့၏။

"ကြည့်နေရင်းနဲ့ အရမ်းစိတ်ဝင်စားမိတဲ့ ပစ္စည်းတစ်ခုဆီကိုရောက်သွားလို့ပါ။ပြီးတော့ ကျွန်တော့်သူငယ်ချင်းရှောင်းကျန့်ကလဲ ဒီလိုရှားပါးပစ္စည်းတွေကို သဘောကျတယ်လေ။အင်း အခု ကျဲဆီက ပစ္စည်းကိုသူမျက်စိကျမှာသေချာတယ်။အဲ့တာကြောင့် သူ့ကိုပေးရင်ကောင်းမလားဆိုပြီးကျဲဆီဆက်လိုက်တာ"

"သြော် သူဌေးရှောင်းကျန့်က အခုလိုပစ္စည်းတွေကို သဘောကျတယ်လား?"

"ဟုတ်ကဲ့၊ကျဲလက်ဆောင်ပေးတဲ့နံ့သာအိုးကိုတောင် သူကမြင်ပြီး သဘောကျနေသေးတာ"

"ကောင်းပါပြီ။ မင်းလိုချင်တာကိုယူသွားလိုက်ပါ။ သော့တွေကို ခြံထဲက အိမ်မှာနေတဲ့ကလေးတစ်ယောက်ဆီကတောင်းလို့ရတယ်။သူဌေးရှောင်းကျန့်ကလဲသဘောကျတယ်ဆိုတော့ ကျဲကပဲလက်ဆောင်ပေးပါတယ် ဝယ်စရာမလိုပါဘူး"

ရှောင်းကျန့်ဆိုတာကလည်း အောင်မြင်ကျော်ကြားစီးပွားရေးဘုရင်တစ်ယောက်မို့ ချန်မေ့ယွီအနေဖြင့် ရင်းနှီးမှု ရယူထားတာကလည်းအရှုံးမရှိတာမို့ ဝမ်ရိပေါ်ပြောစကားကို လွယ်လွယ်ကူကူလက်ခံပေးမှန်းသိသာသည်။ သာမာန်ခင်မင်ရုံလောကနဲ့တော့ဘယ်သူက အဘွားဖြစ်သူရဲ့ရှားပါးအမွေတွေကို အလကားပေးပစ်မှာလဲ။သို့ပေမဲ့လည်း ပစ္စည်းက ရှေးဟောင်းပစ္စည်းဟုသာခေါ်ပေမဲ့လည်း ခုနှစ်အတိအကျမသိရသလို ဘယ်တုန်းကလည်းမသိ၊ဘယ်သူ့ပစ္စည်းလည်းမသိဘဲ မှတ်တမ်းပျောက်နေသောပစ္စည်းတွေမို့ ချန်မေ့ယွီ၏ အဘွားလက်ထဲရောက်ရှိနေခြင်းဖြစ်သည်။တကယ်သာ တန်ဖိုးကြီးပစ္စည်းတွေသာဆို ယခုလိုပြတိုက်ငယ်ထဲရှိမည့်အစား လေလံတင်းရောင်း၍ရသည့်အနေအထားသို့ရောက်နေသည်မှာကြာပြီဖြစ်၏။

MAINOù les histoires vivent. Découvrez maintenant