9

2.1K 235 26
                                    

(ZAWGYI VERSION)
  
" စာအုပ်မပါတဲ့ ဟိုနှစ်ကောင် ! ရေကူးကန်ကို သန့်ရှင်းရေးသွားလုပ်စမ်း !"

သချာင်္ဆရာမ၏ တစ်ချက်လွှတ် အမိန့်နှင့်အတူ ရှောင်းကျန့်နှင့် ဝမ်ရိပေါ်လည်း အတန်းထဲမှ အသာထွက်ကာ ရေကူးကန်သို့ ဦးတည်ရတော့သည်။

ဒါကလည်း ဆရာမ အမြဲတမ်းပေးနေကျ အပြစ်တစ်ခု။ ရှောင်းကျန့်တို့မှာလည်း ရေကူးကန်သန့်ရှင်းရေး လုပ်ရလွန်း၍ ကျောင်းစောင့်၏ သနားခြင်းကိုပင် ခံနေရသည်။

ရေကူးကန်သို့ ရောက်သော် ဝမ်ရိပေါ်က လွယ်အိတ်ကို ထိုင်ခုံပေါ်သို့ ပစ်တင်၏။အားလုံးက အသီးသီး စာသင်ခန်းထဲရောက်နေသာကြောင့် ရေကူးကန်၌ တိတ်ဆိတ်နေသောကြောင့် လွယ်အိတ်ပစ်တင်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

ရှောင်းကျန့်က အင်္ကျီလက်ကို တံတောင်ထိခေါက်တင်ရင်း ဂျစ်ကန်ကန်ဖြစ်နေသည့် ဝမ်ရိပေါ်ကိုလှည့်ကြည့်ကာ

"ဘာလဲ မကျေမနပ်ဖြစ်နေတာလား?"

ဝမ်ရိပေါ်က တံမြက်စည်းကို ကိုင်ကာ လှည့်ကြည့်လာသော် ရှောင်းကျန့်က လှောင်ရယ်လိုက်တော့သည်။

"မှားတာက မင်းနော် ၊ ငါ့ကိုအဲ့လိုလာမကြည့်နဲ့"

"မင်းစာအုပ်မပါတာလေ"

"မင်းရော ပါလို့လား ?"

"လာကတည်းက သေချာကြည့်လာရမှာကို "

ဝမ်ရိပေါ်က ရေကူးကန်ကို ကြည့်ပြီး

"ငါက အိမ်မှာ စာကျက်ရင်းကျန်ခဲ့တာ ၊ မင်းလိုမဟုတ်ဘူး"

ရှောင်းကျန့်က ဟန်မဆောင်နိုင်စွာဖြင့် တဟားဟား အော်ရယ်တော့သည်။

"ဟားဟား ဝမ်ရိပေါ်က သချာင်္ကျက်နေတာလား ? ဂုဏ်ထူးပါမယ်ထင်တယ် "

ရှောင်းကျန့်၏ စကားကို ဝမ်ရိပေါ်က မျက်နှာပျက်သွားပြီး တံမြတ်စည်း တစ်ချောင်းကို လှမ်းယူကာ ရှေ့တည့်တည့်ရပ်နေသော ရှောင်းကျန့်ဆီကို လှမ်းပစ်ပေးသည်။ရှောင်းကျန့်ကလည်း လာမှန်သောတံမြက်စည်းကို သေချာဖမ်းကာ တစ်ပတ်လှည့်ရင်း စတင်သန့်ရှင်းရေး လုပ်လိုက်တော့သည်။

ဘာပဲဆိုဆို ရေကူးသန်သန့်ရှင်းရေး လုပ်တာက ဆိုးတော့မဆိုး ။ အတန်းထဲ လက်မြောက်ရတာထက်စာရင် တော်သေး၏။ သို့သော် မကျေနပ်သေးသော ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဆက်ခနဲ့လှည့်ကြည့်ကာ စကားဆက်ပြန်သည်။

MAINTempat cerita menjadi hidup. Temukan sekarang